ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, November 16, 2011

ကျွန်မတို့ဟာ ယုံကြည်ချက်ပေါ်မှာ အခြေခံပြီးတော့ စွန့်စားသင့်တဲ့အချိန်မှာ စွန့်စားရမယ်

ပြည်တွင်းပြည်ပ သတင်းထောက်များက ရွှေဂုံတိုင်ရှိ မှတ်ပုံမတင်ရသေးသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ တဖွဲဖွဲရောက်ရှိလာကြသည်။ ထိုနေ့သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တစ်နှစ်ပြည့်။ ထိုတစ်နှစ်ပြည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။ သတင်းစာရှင်းလင်း ပွဲမလုပ်မီ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောသည်။ ထိုမိန့်ခွန်း၏ အနှစ်ချုပ်က ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေး …
သတင်းထောက်များက NLD မှတ်ပုံတင်၊ မတင်ကိစ္စ အထူးပြုသိချင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းများအားမဖြေမီ မှတ်ပုံတင်၊ မတင်ကိစ္စ နိုဝင်ဘာ ၁၈ ရက်နေ့မှသာ ပြောမည်။ ယနေ့ မဖြေဟုဆိုခဲ့သည်။ ထိုသို့ ပြောထားသည့်ကြား မှတ်ပုံတင်၊မတင် ကိစ္စဝေ့ကာဝိုက်ကာ မေးကြသေးသည်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြောထားသည့်အတိုင်းမဖြေ။ အခြားသော မေးခွန်းများကိုသာ ဖြေဆိုသည်။ ထိုနေ့က ဒေါ်အောင်ဆန်းစုကြည်၏ တစ်နှစ်ပြည့်မိန့်ခွန်းနှင့် စိတ်ဝင်စားဖွယ်ရာ အမေးအဖြေတချို့ကို Popular News ပရိသတ်များဖတ်ရှုလေ့လာကာ အနာဂတ်ကို မှန်းဆနိုင်ရန်အတွက် တင်ဆက်လိုက်ပါသည်။


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေတချို့

လွန်ခဲ့တဲ့ တစ်ပတ်လောက်က လွှတ်တော်ဥက္ကဋ္ဌက ဂျာနယ်တစ်စောင်နဲ့ အင်တာဗျူးမှာ ပြောသွားတာ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုပါတယ် ဆိုပြီး။ အဲဒီ အပေါ် မှာဘယ်လို သဘောထား ပါလဲ။
ကျွန်မတို့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရဲ့ တရားဝင်မှု၊ တရား မဝင်မှု ဆိုတာကတော့ နိုင်ငံတော် ပြန်တမ်းထဲ ထည့်ပြီးသားဆိုတော့ ဒါကဘယ်လိုမှ မေးခွန်းထုတ်စရာ မရှိပါဘူး။ သို့သော် အခုလွှတ်တော်ရဲ့ ဥက္ကဋ္ဌ တစ်ယောက်က နေပြီးဒီလို ၁၉၉ဝ ခုနှစ် ရွေးကောက် ပွဲဟာ NLD နိုင်ခဲ့တာ အသိ အမှတ်ပြုတယ် ဆိုတာဟာ ဒါက ကောင်း တဲ့ လက္ခဏာလို့ ကျွန်မ မြင်ပါတယ်။ ဒီဟာက နိုင်ငံရေး လုပ်တဲ့အခါမှာ အားလုံးပါဝင်မှုကို ဦးတည်ပြီး ပြောတယ်လို့ပဲ သုံးသပ်ပါတယ်။

အဲဒီပြောတဲ့ စကားအရ ဒီ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို သမိုင်းမှာထားခဲ့ဖို့ လုံလောက်တဲ့ အကြောင်းအရင်းဖြစ်သွားပြီလား။
သမိုင်းမှာ ထားခဲ့ဖို့ ဆိုတာ ဘာလဲ။ သမိုင်းမှာ ဝင်တာပဲရှိတာ။ ထားခဲ့တယ်ဆိုတာ မရှိပါဘူး။ အဲဒီတော့ ကျွန်မတို့ရဲ့ ၁၉၉ဝ ခုနှစ်ရလဒ်ဟာ သမိုင်းဝင် ရလဒ် ဖြစ်ပါတယ်။

အခုနက ပြောသွားတာ ရှိပါတယ်။ ဒီမိုကရေစီ လမ်းပွင့်နေ ပြီလို့ အများက လက်ခံနိုင်လောက်တဲ့ အခြေအနေမရောက် သေးဘူးလို့ ပြောပါတယ်။ အဲဒီ အခြေအနေ ရောက်ဖို့ ဘာတွေ လိုနေပါသေးလဲ။ ဒါတစ်ခုပါ။ နောက်တစ်ခုက တိုင်းရင်းသား ငြိမ်းချမ်းရေး။
ပထမမေးခွန်းကို ဖြေရရင် ပြည်သူတွေဟာ တကယ်ပဲ သူတို့ ရဲ့ ဘဝတွေဟာ စံနှုန်းထားတွေနဲ့ ညီအောင်လို့ ဖြစ်နိုင်တယ်ဆိုတာ ယုံကြည်လာလို့ရှိရင် ဒါဟာ လမ်း ပွင့်တယ်လို့ ဆိုရမှာပေါ့။ ပိုပြီး တိတိ ကျကျ ပြောရရင် ကျွန်မအမြင်မှာ ဥပဒေစိုးမိုးရေး ရှိတယ်လို့ ပြည်သူ တွေ ယုံကြည်ရင် ဒီမိုကရေစီ လမ်း ကြောင်းကြီးကောင်းကောင်း ပွင့် သွားပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပြောရရင် ငြိမ်းချမ်းဖို့ ဆိုတာက တန်းတူ ညီတူရေး ဆိုတာ ရှိရမယ်။ အပြန်အလှန် လေးစားရေးနဲ့ အပြန် အလှန် ယုံကြည်မှုဆိုတာ ရှိရမယ်။ ဒါတွေ က နေ့ချင်းညချင်း ဖြစ်နိုင်တဲ့ ကိစ္စ တွေ မဟုတ်ပါဘူး။ ကျွန်မတို့ ဒီ တိုင်းရင်းသားတွေအားလုံးပေါ့။ တိုင်းရင်းသားတွေထဲမှာ ဗမာကို ထည့် ထည့်ပြောပါတယ်။ တိုင်းရင်းသား တွေအားလုံး ငြိမ်းချမ်းဖို့ဆိုတဲ့ နေရာ မှာ ဗမာတွေကလည်း အခြား တိုင်း ရင်းသားတွေနဲ့ အတူတူပဲ။ အားလုံးဟာ အင်မ တန်ကြိုးကြိုးစားစား လုပ် နိုင်ရမယ်။ လွယ်လွယ်နဲ့တော့ ဖြစ် မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆို တော့ သမိုင်းအစဉ်အလာအရကို တစ်ယောက်နဲ့တစ်ယောက် မယုံကြည် တဲ့စိတ်တွေ၊ သံသယနဲ့ မြင် တဲ့ အလေ့အထတွေ ရှိနေတယ် ဆိုတော့ ဒါတွေ ပေါက်မြောက် အောင်ဆိုရင် ကျွန်မတို့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးမူအရ ပြောရမယ်ဆိုရင် ပထမ ဆုံးစလုပ်ရမှာတော့ တွေ့ဆုံ ဆွေးနွေးရေးပဲ။ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းအမြင်ချင်း ဖလှယ် တာ အရေးအကြီးဆုံးဖြစ်ပါတယ်။ အဲဒီတော့ တွေ့ဆုံ ဆွေးနွေး ရေး ဖြစ်ဖို့ဆိုတာ တစ်ယောက်နဲ့ တစ် ယောက် ပစ်နေလို့တော့ မရဘူး။ အပစ်အခတ် ရပ်စဲရမှာပေါ့။

တစ်နှစ်အတွင်းမှာ UN အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မှုနဲ့ ပတ် သက်ပြီးတော့ အန်တီ့ အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။
ကုလသမဂ္ဂအဖွဲ့အစည်းတွေ နဲ့ ပတ်သက်လို့ရှိရင် ဒီနှစ်အတွင်းမှာ ဆိုရင် အထူးသဖြင့် ဖွံ့ဖြိုးရေး အစီအစဉ်အပြင် ဖွံ့ဖြိုးရေး ဘာတွေ လုပ်သင့်တယ် ဆိုတာကို ဆွေးနွေး တာရှိပါတယ်။ အဲဒီဆွေးနွေးတဲ့ ရလဒ်တွေအရ ကျွန်မတို့အနေနဲ့ ဒီနိုင်ငံက အဆင်းရဲဆုံး အသိုင်းအဝိုင်းကို တောနေမြို့နေ လူတန်းစားတွေကို အနည်းဆုံး ရေတို ကာလအတွင်း အခြေအနေကောင်း လာအောင်လို့ အဓိကထား ကူညီရ မယ်ဆိုတာ ဆွေးနွေးတာတွေ ရှိ ပါတယ်။ ဆွေးနွေးတဲ့ ရလဒ် အကျိုး ဆက်အရ ကျွန်မတို့ တိုးတက်မှု တစ်စုံတစ်ရာကို ရလိမ့်မယ်လို့ ထင် ပါတယ်။

ဥပဒေစိုးမိုးရေးဟာ လူမှု ရေး၊ စီးပွားရေး အကုန်လုံး အရေးကြီးတယ်လို့ ပြောသွား ပါတယ်။ တရားရေးမဏ္ဍိုင်က လည်း အခုနက အန်တီပြော သွားသလို အခြေအနေ ဆိုတော့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရင် အဆင်အပြေဆုံးနဲ့ အထိရောက် ဆုံး နည်းလမ်းဖြစ်မလဲ သိချင် ပါတယ်။ နောက်တစ်ခုက FDI တွေမြန်မာနိုင်ငံလာဖို့ အဲဒါလာ ဖို့မှာ အန်တီပြောခဲ့တဲ့ အချက် တွေ လိုသလို နောက်တစ်ခုက Sanction ပေါ့။ ဘဏ်တွေနဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံ လိုသူတွေက လတ်တလော အခြေအနေ မှာ မလာနိုင်သေးဘူး။ စောင့်နေပါတယ်လို့ ပြောပါ တယ်။ အဲဒီအတွက် NLD က မှတ်ပုံတင်တာနဲ့ မဆိုင်ဘူးပေါ့။ အန်တီ့အနေနဲ့ရော မှတ်ပုံတင်၊ မတင်အပေါ်မှာ Sanction ကို ဘယ်လိုမျိုး ဖြုတ်ဖို့အတွက် တိုက်တွန်းဖို့ ရှိပါသလဲ။
ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ နောက်ပြီး လွတ်လပ်ပြီး တရား မျှတတဲ့ တရားရေးမဏ္ဍိုင်ရှိဖို့ဆိုတာ လူတိုင်းက ကြိုးစားရမှာပဲ။ အန်တီတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကြိုးစားပုံတစ်ခုကတော့ ဥပဒေ အထောက်အကူအဖွဲ့ ထူထောင် ထားခြင်း ဖြစ်ပါတယ်။ ဥပဒေ အထောက်အကူ အဖွဲ့ဟာ အန်တီ တို့ရဲ့ ပြည်သူတွေကို ဒါနိုင်ငံရေး နဲ့ ပတ်သက်သူတွေ မဟုတ်ပါဘူး။ အန်တီတို့က ပြည်သူတွေအားလုံး ဟာ တရားဥပဒေရှေ့မှောက်မှာ မျှမျှ တတအစီရင်ခံချက်တွေရဖို့ အဲဒီလို နည်းနဲ့ တရားရေးမဏ္ဍိုင် ခိုင်မာ အောင် ကြိုးစားပါတယ်။ ပြည်သူ တွေဘက်ကလည်းထောက်ပြရမယ်။ ဒီလို ထောက်ပြခြင်းအားဖြင့်သာ ဒီကိစ္စတွေကို အစိုးရကနေ ကွက်ကွက်ကွင်းကွင်းမြင် လာမှာဖြစ်တယ်။ Sanction နဲ့ ပတ်သက်လို့ ကတော့ Sanction ဘာဖြစ်လို့ လုပ်ရသလဲဆိုတာ Sanction လုပ်ထားတဲ့ အမေရိကန် ပြည်ထောင်စုကဆိုရင် ပြတ်ပြတ် သားသား ပြော ထားတာပဲ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လွှတ်ပေး ရမယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြန်လည်ပြီး နိုင်ငံ ရေးပါတီအဖြစ် လွတ်လွတ်လပ်လပ် လှုပ်ရှားရမယ်။ ပြီးတော့ ဒီစစ်မက် ဖြစ်ပွားနေတဲ့ နေရာတွေကို လူသား ချင်းစာနာမှုဆိုင်ရာ အထောက် အကူတွေ ရောက်နိုင်ဖို့ အခြေအနေ ရှိရမယ် စသည်ဖြင့် တောင်းဆိုထားတာ ရှိတယ်။ အဲဒီတော့ ဒီလို တောင်းဆိုချက်တွေ ပြည့်စုံလို့ရှိရင် Sanction တွေ ဖယ်ရှားဖို့ဆိုရင် သတ်မှတ်ထားတဲ့ နိုင်ငံက ဖယ်ရှား ရမှာ ဖြစ်ပါတယ်။

အန်တီ လွန်ခဲ့တဲ့ တစ်နှစ် နိုဝင်ဘာ ၁၄ ရက်နေ့က ပြောခဲ့တာ ရှိပါတယ်။ ဒီမိုကရေစီ ကွန်ရက်တွေ ဖွဲ့မယ်လို့။ အဲဒီ ကွန်ရက်က ဘယ်နှခုဖွဲ့ပြီးပြီလဲ။ ဘာတွေ လုပ်ဆောင်နေလဲ။ လုပ်ဆောင်တဲ့ အတိုင်းအတာ ကရော ဘယ်အခြေအနေရှိပြီ လဲ။ ဒုတိယမေးခွန်းက လောလောဆယ်မှာ အစိုးရအနေနဲ့ အာဆီယံဥက္ကဋ္ဌဖြစ်ရေး လုံးပန်း နေတယ်လို့ သဘောရပါတယ်။ အဲဒီ အပေါ်မှာ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌဖြစ်ခြင်း၊ မဖြစ်ခြင်းက တိုင်းပြည်အတွက် ဘယ်လောက် အကျိုးသက်ရောက်မှုရှိ မလဲ။ အဲဒါ သိချင်ပါတယ်။
ကွန်ရက်ဆိုတာတော့ တစ်နည်းအားဖြင့် ပြောရရင် တစ်ခုတည်းပေါ့။ ကွန်ရက်ထဲမှာ ချိတ်ဆက်ထားတဲ့ လုပ်ငန်းတွေကတော့ အမျိုးမျိုးရှိတာပေါ့။ အဲဒီအထဲမှာ အန်တီ တို့ အရမ်းအလေးထားတာ တော့ ဥပဒေပြု လုပ်ငန်းတွေ၊ ပညာရေးလုပ်ငန်းတွေ၊ ကျန်းမာရေး လုပ်ငန်းတွေ၊ နောက် လူသားချင်း ဆိုင်ရာ အထောက်အကူပေါ့။ အဓိက ကတော့ ဥပဒေပြုနဲ့ ပတ် သက်တဲ့ ကိစ္စရယ်၊ ပညာရေးကိစ္စ တွေကိုတော့ အန်တီတို့ အရမ်း အလေးထားပါတယ်။ ကျန်းမာရေး ကိစ္စကတော့ အရေးမကြီးလို့တော့ မဟုတ် ဘူး။ ဒါပေမဲ့ လုပ်ရတာ နည်းနည်းပိုခက်ပါတယ်။ ဥပမာ ဆိုရင် အခမဲ့ ကျောင်းတွေ ထောင်ရ တာက အခမဲ့ဆေးခန်းတွေ ထောင် ရတာထက် ပိုပြီး လွယ်ပါတယ်။ ဒါအန်တီ ရိုးရိုးသားသား ပြော တာပါ။ အဲဒီတော့ ငွေကြေး အကန့်အသတ်ကလည်း ရှိတယ် ဆိုတော့ တတ်နိုင်သလောက် လုပ် ရတာ ဖြစ်ပါတယ်။ အခမဲ့ ကျောင်း တွေနဲ့ ပတ်သက် လို့ တိုးတက်မှုကို တော့ အားရတယ်။ အလှူငွေ ထည့်ချင်တဲ့သူရှိရင်လည်း ရက်ရက် ရောရော ထည့်ကြပါလို့၊ အခမဲ့ ကျောင်းစတာ ဧပြီလမှာ စခဲ့တာ၊ အခု တစ်ပြည်လုံးမှာ ၁၉ ကျောင်း ရှိသွားပြီ၊ အချို့ ကျောင်းသား ၂ဝ၊ ၃ဝ နဲ့ စခဲ့တဲ့ ကျောင်းက အခု ကျောင်းသား ၃ဝဝ၊ ၄ဝဝ လောက် ရှိနေပြီ။ ဒါကြောင့် ဒါက ကိုယ်က ဘယ်လောက် လိုအပ် နေသလဲပေါ့။ ဒီတိုင်းပြည်မှာ ပညာရေးဘက်က နေ ပံ့ပိုးဖို့ ဘယ်လောက်လိုအပ်နေသလဲ ဆိုတာ ထင်ထင်ရှားရှား ပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီဘက်မှာ အန်တီ က ဝါသနာလည်း ပါတယ်။ ပညာရေးကို အရမ်း အားပေးချင်တာကိုး။ ဒီ့အတွက် အားလည်း တက်မိ တယ်။ ပြီးတော့ ရှေ့နေကွန်ရက် တွေ ဖွဲ့နိုင်တာလည်း အားတက် တယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ လုပ်နေတဲ့ သူတွေကို အများကြီး လေးစားတယ်။ အန်တီတို့ ငွေရေး ကြေးရေး ဘက်မှာ နည်းနည်း အခက်အခဲ ရှိပါတယ်။ ကျန်းမာရေး ရန်ပုံငွေ ထည့်ချင်တယ်ဆိုလည်း ထည့်လို့ ရပါတယ်။ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ခြင်းအား ဖြင့် မြန်မာနိုင်ငံအတွက် ဘာအကျိုး ရှိနိုင်လဲ မေးခွန်းကတော့ အန်တီ့ အနေနဲ့  မြန်မာနိုင်ငံအတွက် တကယ်အကျိုးရှိနိုင်တဲ့ ကိစ္စဟာ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး၊ မဖြစ်ရေး မဟုတ်ဘူး။ ပြည်သူတွေက ကျေနပ်ရေး၊ မကျေနပ်ရေးပဲ ဖြစ်တယ်။ ပြည်သူတွေက ငါတို့ရဲ့ နိုင်ငံဟာ တိုးတက်လာတယ်။ ငါတို့ရဲ့ ဘဝတွေဟာ ကောင်းမွန်လာတယ် ဆိုတာကို ခံစားရပြီဆိုရင် ဘယ် ဥက္ကဋ္ဌရာထူးနဲ့မှ နှိုင်းလို့ မရတဲ့ ဆုလာဘ်ကြီးလို့ အန်တီက ဒီလိုပဲ မြင်ပါတယ်။
မိုးမြင့်မြတ်

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com