ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, November 16, 2011

R ဇာနည် တစ်ကိုယ်တော်ဖျော်ဖြေပွဲ စာနယ်ဇင်းတွေ့ဆုံပွဲ ပြုလုပ်

b33_18

R ဇာနည်၏ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲနှင့်ပတ်သက်၍ စာနယ်ဇင်းတွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က PARKROYAL Hotel (ရတနာခန်းမ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် R Zar Ni Live At Thuwunna Stadium ကို စီစဉ်တင်ဆက်သော Iron Cross Music Entertainment မှ တာဝန်ရှိသူများ၊ ပါဝင်တီးခတ်မည့် The Trees တီးဝိုင်းမှ အဖွဲ့သားများ၊ အခြားဖိတ်ကြားထားသူများနှင့် စာနယ်ဇင်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားတွင် Iron Cross Music Entertainment မှ စီစဉ်သူ ဦးကိုကိုလွင်က R ဇာနည် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကျင်းပရန် စီစဉ်ဖြစ်ခဲ့ပုံနှင့် The Trees တီးဝိုင်းနှင့် လက်တွဲရခြင်းအကြောင်းများကို ဦးစွာရှင်းလင်းပြောပြခဲ့ပါသည်။

ထို့နောက်တွင် R ဇာနည်က တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ကျေးဇူးတင်စကားနှင့် The Trees တီးဝိုင်းမှ ကိုဖိုးလတို့က ပြင်ဆင်မှုများအကြောင်းကို အသီးသီး ပြောကြားခဲ့ပါသည်။

ဖျော်ဖြေပွဲကို သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း၌ ဒီဇင်ဘာလ ၂ ရက်နေ့တွင် သီဆိုဖျော်ဖြေမည်ဖြစ်ကာ တေးသီချင်းပေါင်း ၃၀ ကျော် စီစဉ်ထားကြောင်း သိရှိရသည်။ ဖျော်ဖြေပွဲ၌ R ဇာနည်၏ ထင်ရှားခဲ့သော တေး သီချင်းများအပြင R ဇာနည် နှစ် သက်သော တေးသီချင်းများလည်း ပါဝင်မည်ဖြစ်ကာ TheTrees တီးဝိုင်းနှင့်အတူ J me၊ Lဆိုင်းဇီ၊ ဆုန်သင်း ပါရ်၊ ငယ်ငယ် စသော အဆိုတော်များနှင့်လည်း စုံတွဲအစီအစဉ်များ ထည့်သွင်းထားကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com