Wednesday, November 16, 2011

ဂျာမနီ၊ ပြင်သစ်နှင့် အစ္စရေးနိုင်ငံတို့မှ ဂီတပညာရှင်များပါဝင်မည့် Jazz Bliss ဖျော်ဖြေပွဲကို နေရာလေးနေရာတွင် ကျင်းပမည်


b33_17
၂၀၁၀ ပြည့်နှစ်အတွင်းက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် Jazz Bliss ဂီတပွဲကိုတွေ့ရစဉ်

ဂျာမနီ၊ ပြင်သစ်နှင့် အစ္စရေးနိုင်ငံတို့မှ ဂီတပညာရှင်များပါဝင်မည့် Jazz Bliss ဂီတဖျော်ဖြေပွဲများကို ရန်ကုန်မြို့ရှိ နေရာလေးခုတွင် ကျင်းပသွားမည်ဖြစ်ပြီး စိတ်ဝင်စားသူများအနေဖြင့် အခမဲ့တက်ရောက် နားဆင်နိုင်ကြောင်း သိရှိရပါသည်။

အဆိုပါ Jazz Bliss ဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှကြီးမှူး၍ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၊ ဗြိတိသျသံရုံး၊ အမေရိကန်သံရုံးနှင့် ရုရှားသံရုံးတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

Jazz Bliss ဂီတဖျော်ဖြေပွဲတွင် နိုင်ငံတကာတွင် လှည့်လည်တီးခတ်နေသည့် ဂီတပညာရှင်များနှင့်အတူ မြန်မာနိုင်ငံ၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ဂီတမိတ်သင်တန်းကျောင်းမှ ဆရာများနှင့်သင်တန်းသူ၊ သင်တန်းများ ကလည်း အတူတကွ ပူးပေါင်းဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရပါ သည်။

''Jazz ဂီတဖျော်ဖြေပွဲတွေကို မနှစ်ကလည်း မြန်မာနိုင်ငံမှကျင်းပခဲ့ပါတယ်။ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုတွေရှိခဲ့သလိုပဲ မြန်မာနိုင်ငံက ဂီတသမားတွေအတွက်လည်း ပညာမျှဝေနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာလည်း အခုလို Jazz Bliss ဂီတဖျော် ဖြေပွဲထပ်ပြီး ကျင်းပဖြစ်တာပါ။ ဖျော်ဖြေပွဲပြီးရင် မြန်မာနိုင်ငံက ဂီတသမားတွေအတွက် အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီးလည်း အသိပညာတွေ ဖလှယ်သွားမှာပါ''ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါသည်။

Jazz Bliss ဂီတဖျော်ဖြေပွဲများကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ နေရာလေး နေရာတွင် ပြုလုပ်သွားမည်ဖြစ်သည်။ နိုဝင်ဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် House of Me moties ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင်မူ Chatrium ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြင်သစ်ယဉ်ကျေးမှုဌာန၀င်းတွင် ပြုလုပ်မည်ဖြစ်သည်။ မြန်မာ့ ဆိုင်းအဖွဲ့နှင့် Jazz ဂီတအဖွဲ့တို့၏ ပူးပေါင်းဖျော်ဖြေမှုကိုမူ ဒီဇင်ဘာလ ၃ ရက်နေ့တွင် စိမ်းလန်းစိုပြေဥယျာဉ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်