(၈) ကြိမ်မြောက် Miss Chri-stmas 2011 ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားပြီး ယခင်နှစ်များက ပြုလုပ်ခဲ့သည့် ပြိုင်ပွဲများနှင့် မတူကွဲပြားဆန်းသစ်သည့် တင်ဆက်မှုများနှင့် တင်ဆက်သွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ယင်းပြိုင်ပွဲကို Myanmar Model Management မှ စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး ဆုရရှိသည့် Miss Christmas အား အနုပညာလောကအတွင်း လျှောက်လှမ်းနိုင်သည့် သရုပ်ဆောင် တစ်ဦးဖြစ်လာစေရန် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးသွားမည်ဟု သိရှိရသည်။
''ဒီနှစ်ပြုလုပ်မယ့် Miss Christmas ပြိုင်ပွဲကို အရင်နှစ်တွေနဲ့မတူတဲ့ ဆန်းသစ်မှုမျိုး၊ ယှဉ်ပြိုင်မှုမျိုးတွေနဲ့ ပါဝင်ယှဉ်ပြိုင်စေမှာပါ။ ပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီပြိုင်ပွဲကတစ်ဆင့် မျက်နှာသစ်သရုပ်ဆောင်တွေ ပေါ်ထွက်လာစေဖို့ပဲ ဖြစ်ပါတယ်။ဒါကြောင့် လာရောက်ယှဉ်ပြိုင်တဲ့အခါမှာလည်း မျက်နှာသစ်တွေကိုပဲ ဦးစားပေးသွားမှာပါ။ ပြိုင်ပွဲရဲ့ ရလဒ်ကလည်း ပြိုင်ပွဲဝင်အားလုံး ကျေနပ်စေအောင် စီစဉ်သွားမှာပါ။
တရားမျှတတဲ့ပြိုင်ပွဲတစ်ခုဖြစ်အောင် ပြုလုပ်ပေးသွားမယ်လို့ ကတိပေးပါတယ်။ သေချာတာတစ်ခုကတော့ ဒိုင်အားလုံးရဲ့ ဆုံးဖြတ်ချက်က တရားမျှတစေဖို့ အာမခံပါတယ်'' ဟု Myanmar Model Management မှ ကိုဌေးမင်းထွန်းက ရှင်းပြခဲ့သည်။ Miss Christmas ပြိုင်ပွဲသို့ အသက် ၁၆ နှစ်မှ ၂၂ အတွင်း မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး လျှောက်လွှာများကို ဒီဇင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီး လျောက်ထားသူများအနက်မှ ဆန်ခါတင်ရွေးချယ်ခံရသူများကို လူတွေ့စစ်ဆေး ရွေးချယ်သွားမည်ဟု သိရသည်။ ဆန်ခါတင်ရွေးချယ်ခံရ သူ ၃၀ ဦးကို ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အထိ မော်ဒယ်လ်သင်တန်း ပို့ချသွားမည်ဖြစ်ကာ ဒီဇင်ဘာလ ၂၃ရက်နေ့တွင် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ပြုလုပ်သွားမည်ဟု သိရသည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်