ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, December 8, 2011

စမ်းချောင်း၌ ဓာတ်ဆီပုံးမှောက်ကျရာမှ ကားမီးလောင်မှုဖြစ်ပွား

Share

စမ်းချောင်းမြို့နယ်၊ ကျွန်း တောလမ်းပေါ်၌ နိုဝင်ဘာ ၁၁ ရက်က ဆူဇူကီး လိုက်ထရပ် ကား တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ အမျိုး သမီး တစ်ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီ၊ ၂၄ မိနစ် အချိန် ခန့်၌ စမ်းချောင်းမြို့နယ်၊ ကျွန်းတော (တောင်)ရပ်ကွက်၊ ကျွန်းတော လမ်းမပေါ်၌ ယာဉ်မောင်း ကုလား လေးမောင်းနှင်လာသော ယာဉ်အ မှတ် (၅ခ/…) ဆူဇူကီး လိုက် ထရပ် အဖြူရောင် ယာဉ်သည် မောင်းနှင်လာစဉ် နောက်ခန်းရှိ ဓာတ်ဆီပုံးမှောက်ကျကာ အိပ်ဇော ပေါ်သို့ ကျ၍ မီးလောင်မှုစတင်ဖြစ် ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဓာတ်ဆီ ၂ ဂါလန်နှင့်ကားအနောက် မိုးများ မီးလောင်ပျက်စီးခဲ့သည့်အပြင် ယာဉ်ပေါ်လိုက်ပါလာသူ ယာဉ်ပိုင်ရှင် ဒေါ်ဝင်းခင်မှာ ခြေဖမိုး၊ ညာခြေ သလုံးနှင့် ညာလက်ဖျံတို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ် မောင်းဖြစ်သူမှာ ထိုနေရာမှ ထွက် ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုနှင့် ပတ် သက်၍ စမ်းချောင်း ရဲစခန်းမှ ယာဉ် မောင်း ကုလားလေးအား (ပ-၄၅၁/ ၂ဝ၁ဝ) ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
PN – 020

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com