ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, December 8, 2011

တွက်ခြေ မကိုက်သော အန္တရာယ်ရှိ အဆောက်အအုံ မြေနေရာ စည်ပင်သို့ ပြန်အပ်နှံမှု များလာ

ရန်ကုန်၊ နိုဝင်ဘာ ၆
အန္တရာယ်ရှိ အဆောက်အအုံများအား ပြန်လည် တည်ဆောက်ရန် အတွက် တွက်ခြေမကိုက်သော မြေနေရာများကို ကန်ထရိုက်တာ များက စည်ပင်သို့ ပြန်လည် အပ်နှံမှု များပြားနေကြောင်း ကန်ထရိုက် လုပ်ငန်းရှင်များထံမှ သိရသည်။
”လမ်းကျယ်က နေရာတွေဆိုရင် ၈ ထပ်အဆောက်အအုံ ဆောက်ဖို့ တွက်ခြေကိုက်ပေမယ့် လမ်းသွယ်ထဲက မြေနေရာတွေ ဆိုရင် ၈ ထပ်တွေနဲ့ ဘယ်လိုမှ တွက်ခြေမ ကိုက်လို့ မဆောက်နိုင်ဘဲ ပြန်အပ်ရတာပါ” ဟု Three Friends ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
အန္တရာယ်ရှိ အဆောက်အအုံ ဖြိုဖျက်သည့် မြေနေရာများမှာ အများအားဖြင့် ၂၅ပေ x ပေ၅ဝ အကျယ်အဝန်း များပြားကြောင်း၊ အဆိုပါ မြေကွက်များမှာ ၈ ထပ် အမြင့် အထိ သာ တည်ဆောက်နိုင်ပြီး ယခင် နေထိုင်သူ ၆ ဦးရှိပါက ၈ ထပ် တည်ဆောက်လျှင် တွက်ခြေ မကိုက်ကြောင်း ၄င်းထံမှ သိရသည်။
”မြေရှင်နဲ့ရော နေထိုင်သူတွေ နဲ့ပါ ညှိရတယ်။ မြေညီထပ်နေတဲ့ သူက မြေညီထပ်ပဲ ပြန်လိုချင်တယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း မြေညီထပ်ရမှ တွက်ခြေ ကိုက်မယ်။ ညှိလို့ မရတဲ့အခါ ပြန်အပ်လိုက်တယ်” ဟု ၄င်းက ဆက်ပြောသည်။
အန္တရာယ်ရှိ အဆောက်အအုံ များ အကောင်အထည် ပေါ်လာစေရန် အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန အဆောက်အအုံမှ ကန်ထရိုက်၊ မြေရှင်နှင့် နေထိုင်သူများအား ညှိနှိုင်းမှု ပြုလုပ်ပေးကြောင်း၊ ၄င်းအဆောက်အအုံများ အမြန်ဆုံး ဆောက်လုပ်ပြီးစီးရန် အတွက်လည်း တွန်းအားပေးလျက် ရှိကြောင်း အင်ဂျင်နီယာဌာ အဆောက်အအုံ (စည်ပင်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဝေယံမိုးမြင့်

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com