ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, December 7, 2011

ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ မြန်မာနိုင်ငံသို့ လာရောက် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို အဓိက ဆွေ

4361
ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာအား ဒီဇင်ဘာလ ၆ ရက် နေ့က
မြန်မာနိုင်ငံ နေပြည်တော်တွင် ဘင်္ဂလားဒေ့ရှ်သံရုံး တည်ဆောက်မည့် နေရာရှိ
အထိမ်းအမှတ်ကျောက်တိုင် ဖွင့်လှစ်သည့် အခမ်းအနားတွင် တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၅ ရက်နေ့က အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် သုံးရက်ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ် ကာလအတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဒါကာအခြေစိုက် သတင်းမီဒီယာများက ဖော်ပြခဲ့ကြပါသည်။ ထို့ပြင် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဒေါက်တာဒီပူမိုနီနှင့် အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်၃၆ ဦးနှင့်သတင်းသမားများ လိုက်ပါခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် အိန္ဒိယ၊ နီပေါ၊ ဘူတန်နှင့် တရုတ် အစရှိသော ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်မှု တိုးတက်လျက်ရှိပြီး မြန်မာနိုင်ငံ အပါအ၀င် ဒေသတွင်း နိုင်ငံများတွင် ပြည်သူ သုံးဘီလျံအတွက် အကျိုးဖြစ်ထွန်း မှုဖြစ်စေမည့် ဘုံဈေးကွက်တစ်ခုကို ဖော်ဆောင်ရန် မျှော်မှန်းကြောင်း ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက နေပြည်တော်သို့ ရောက်ရှိပြီးချိန်၌ ဒါကာ အခြေစိုက် The Financial Express သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးစွာတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက် မှုနှင့် နိုင်ငံတကာ အရေးပေါ်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြခဲ့ပါသည်။

ချစ်ကြည်ရေး ခရီးစဉ်ကာလအတွင်း ၀န်ကြီးချုပ် ရှိတ်ဟာဆီနာသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဆိုင်ရာ စီးပွားရေးကိစ္စရပ် ၁၂ ခုနှင့် အထက် တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်မည့်အကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ သတင်းထုတ် ပြန်ထားပါသည်။ အဆိုပါကိစ္စရပ်များတွင် နှစ်နိုင်ငံ လေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းရေး ကိစ္စရပ်၊ စီးပွား ဗီဇာကိစ္စနှင့် နယ်စပ်အရေးကိစ္စများလည်း ပါဝင်မည်ဟု သိရပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းနှင့်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ထားခဲ့ပါသည်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးကို ရယူပေးခဲ့သည့် ဘန်ဂါဘန် ဒူရှိတ်မူဂျီဘူရာမန်၏ အကြီးဆုံး သမီးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အင်အား ကြီးပါတီ အ၀ါမီလိဂ်ပါတီမှ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com