ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, December 7, 2011

ဆေးဘက်ဝင်သည်ဟု ယူဆမှုများကြောင့် တရုတ်နိုင်ငံ ဈေးကွက်တွင် ကျားများ ဈေးကောင်းရရှိနေ၍ မြန်မာနိုင်ငံတွင်း ကျားကောင်ရေ လျော့ကျမှု မြန်ဆန်စွာဖြစ်ပေါ်

ဆေးဘက်ဝင်သည်ဟု ယူဆမှုများကြောင့် တရုတ်နိုင်ငံ ဈေးကွက်တွင် ကျားများ ဈေးကောင်းရရှိနေသည့် အတွက် မြန်မာနိုင်ငံတွင်း၌ ကျားကောင်ရေ လျော့ကျမှု မြန်ဆန်စွာ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံသည် ယခင်က ကျားကောင်ရေ ပေါများစွာတည်ရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုအခါ တွင် သစ်တောပြုန်းတီးမှုနှင့် တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုတို့ကြောင့် ကျားကောင်ရေ လျော့နည်း ကျဆင်းလာခြင်းကို ရင်ဆိုင် လာရသည်ဟု သိရှိရသည်။


ကျားတစ်ကောင်ရလာရင် လက်ပြတ်နေတာတောင်မှ သိန်း ၈၀ ရတယ်။ သေနေတဲ့တစ်ကောင်လုံး ရမယ်ဆိုရင် သိန်း ၁၀၀ ရတယ်။ ဒါကို ဟိုဘက်မှာလည်း ရောင်းလို့ ရတယ် . . .

“ကျားကတော့ ကာကွယ်ထားတဲ့အထဲမှာ နံပါတ် ၁ ပဲ။ ဖမ်းပိုင်ခွင့် မရှိဘူး။ ဒီဟာတွေကို အကြီးအကျယ် တရုတ်ပြည်ကိုတင်တယ်။ wildlife trade က တော်တော်အန္တရာယ်ကြီးတယ်။ တန်ဖိုးရှိသော သစ်ပင်များနဲ့ သတ္တ၀ါများ။ သစ်ဆိုတာကတော့ မပြောနဲ့တော့။ သစ်မွှေး အပါအ၀င်ပေါ့။ လူတွေက တရားမ၀င် ထုတ်ယူကြတယ်။ ဥပမာ မြိတ် မှာ ကျားတစ်ကောင်ရလာရင် လက်ပြတ်နေတာတောင်မှ သိန်း ၈၀ ရတယ်။ သေနေတဲ့ တစ်ကောင်လုံးရ မယ်ဆိုရင် သိန်း ၁၀၀ ရတယ်။ ဒါ ကိုဟိုဘက်မှာလည်း ရောင်းလို့ရတယ်။ ဒီဘက်ကနေလည်း မန္တလေးအထိ တင်ပြီး တရုတ်ပြည်မှာ ရောင်းလို့ရတယ်။ ဒီလို ဈေးကွက်ထဲမှာ မတန်တဆ ရတဲ့အတွက်ကြောင့် ကျားကောင်ရေတွေ လျော့နည်းလာတယ်” ဟု ထိုင်းနိုင်ငံ WWF International Greater Mekong Programme မှ စီမံကိန်းအရာရှိ ဦးတင်သန်းက ပြောကြားသည်။

ကမ္ဘာပေါ်တွင် လက်ရှိ ကျားကောင်ရေ ၃၀၀၀ ၀န်းကျင်သာ ကျန်ရှိကြောင်းနှင့် ၁၉၉၈ ခုနှစ်တွင် အကောင်ရေ ၅၀၀၀ မှ ၇၀၀၀ အကြား ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ၁၉၉၈ ခုနှစ်က ကျားကောင်ရေ ၁၂၀၀ ၀န်းကျင်ခန့်ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် အကောင်ရေ ၃၅၀ ခန့်သာ ကျန်ရှိတော့သည်။

မြန်မာနိုင်ငံတွင် အင်ဒိုချိုင်းနား ကျားနှင့် ဘင်္ဂလားကျားနှစ်မျိုးကို တွေ့ရှိနိုင်ပြီး ကျားကောင်ရေ အများစုကို ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ထမံသီဘေးမဲ့တောနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် တွေ့ရှိရသည်။

“ကျားထိန်းသိမ်းနိုင်မလားဆို တာ လူသားတွေအတွက် စိန်ခေါ်မှု တစ်ရပ်ပဲ။ ဘာလို့လဲဆို နိစ္စဓူဝ ကျားတွေ တောထဲက ပျောက်ပျောက် နေကြတယ်။ အကြောင်းရင်းမှာ အဓိကအကျဆုံးက တရုတ်ပြည်က ကျားရိုးကို ဆေးဘက်ဝင်ဆိုပြီး ယုံ ကြည်ထားတာပဲ။ လူတွေ လိုလားတဲ့ အာနိသင်မျိုးကိုရတယ်လို့ ထင်ယောင်ထင်မှားနဲ့ပေါ့။ ဆေးအမျိုးမျိုးဖော်ပြီး ရောင်းကြတော့ ဈေးပေးပြီးဝယ်ကြတယ်၊၊ ကျားရဲ့အရေပြားကလည်း မတန်တဆလှတယ်”ဟု ဦးတင်သန်းက ပြောပြခဲ့သည်။

ကချင်ပြည်နယ်တွင်း တည်ရှိသော အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေ ဟူးကောင်းတွင် လက်ရှိ၌ ကျားကောင်ရေသည် ၁၀ ဂဏန်း အောက်တွင်သာ ရှိနေသည်။ ထို့ အတူ တနင်္သာရီဒေသတွင်လည်း ကျားကောင်ရေများ လျော့ကျလာသည်ဟု သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com