နေပြည်တော် သံတမန်များရုံးဝင်းအတွင်း ပထမဆုံးတည်ဆောက်မည့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံသံရုံး အုတ်မြစ်စီကျောက်တိုင် စိုက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ကျင်းပခဲ့သည်။၎င်းသံရုံး၏ မြေနေရာအ ကျယ်အဝန်းမှာ ၅ ဒသမ ၇၄ ဧကရှိပြီး ပြည်တွင်းရှိဆောက်လုပ် ရေးကုမ္ပဏီတို့နှင့် ဆောက်လုပ်ရန် လျာထားသည်ဟု သတင်းရရှိ သည်။ နေပြည်တော်တိုင်းဒေသကြီး၊ ဒက္ခိဏသီရိမြို့နယ်၊ အဆိုပါသံတ မန်ရုံးအတွင်း ဘင်္ဂလားဒေ့ရှ်ပြည် သူ့သမ္မတနို င်ငံကဲ့သို့ပင် သံရုံးတည် ဆောက်ရန်အတွက် နောက်ထပ် နိုင်ငံ ၄ နိုင်ငံကအဆိုပြုကာ မြေနေ ရာများရွေးချယ်ထားကြောင်း သိရ သည်။၎င်းနိုင်ငံ ၄ နိုင်ငံမှာ ဆော်ဒီအာ ရေဗျ၊ ရုရှား၊ အိန္ဒိယနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ ဖြစ်သည်။ ထိုနိုင်ငံလေးနိုင်ငံအနက် တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံနှစ်ခုမှာ ၅ ဒသမ ၇၄ ဧကအကျယ်အဝန်း ရှိ သောမြေကွက်သုံးကွက်စီ ဝယ်ယူ တည်ဆောက်ရန်အဆိုပြုထားပြီး ရုရှားနှင့် အိန္ဒိယတို့မှာမူ ၅ ဒသမ ၇၄ ဧကအကျယ်အဝန်းရှိသော မြေကွက်နှစ်ကွက်စီဝယ်ယူ၍ သံရုံး တည်ဆောက်ရန်အဆိုပြုထား သည်ဟု သတင်းရရှိသည်။
နေပြည်တော်သတင်းအဖွဲ့
ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်
စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)
၂၀၁၃ ပြက္ခဒိန်
ၶ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....
Thursday, December 8, 2011
နေပြည်တော်တွင် ဘင်္ဂလားဒေ့ရှ်သံရုံး ပထမဆုံးအုတ်မြစ်စီ ကျောက်တိုင်စိုက်
Labels:
သတင်း
Subscribe to:
Post Comments (Atom)













0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်