
ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများအနက်ယခုနှစ်၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုမှာ သုံးနှစ်တာ ကာလအတွင်း စံချိန်တင်မြင့်မားခဲ့ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (ရန်ကုန်)မှ အကြီးတန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။ ”အရင်နှစ်တွေက တစ်နှစ်ကို ယာဉ်တိုက်မှု ၇ဝဝ ကျော်၊ ၈ဝဝ နီးပါးလောက်ပဲ ဖြစ်ပေမယ့် ဒီနှစ် မှာကျတော့ နှစ်တောင် မကုန် သေးဘဲနဲ့ နိုဝင်ဘာလကုန် အထိကိုပဲ ယာဉ်တိုက်မှုအရေအတွက် စုစုပေါင်းက ၁ဝ၅၆ မှုဖြစ်နေပြီ။ ၂ဝဝ၉ ကနေ ၂ဝ၁၁ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်းမှာ ဒီနှစ် က ယာဉ်တိုက်မှု အများဆုံးဖြစ် ပွားတဲ့နှစ်အဖြစ် စံချိန်တင်သွားပြီ” ဟု ၄င်းက ရှင်းပြသည်။ ထိုကဲ့ သို့ ယာဉ်တိုက်မှုများတွင် ဖြစ်ပွား ခဲ့မှုကို သုံးသပ်ရာတွင် ”ဒီနှစ်မှာ ဖြစ် ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကို ပြန် သုံးသပ်ရမယ်ဆိုရင် အဓိကအများ ဆုံး ဖြစ်ပွားရတဲ့ အကြောင်းရင်းက ယာဉ်ကို မဆင်မခြင် မောင်းနှင်မှု ကြောင့်နဲ့ လမ်းကူးသူရဲ့ ပေါ့ဆမှု ကြောင့် အများဆုံး ဖြစ်ပွားနေရ တာ” ဟု ၄င်းက ဆိုသည်။ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ထုတ်ပြန် ချက်များအရ ယခုနှစ် နိုဝင်ဘာလ ကုန်အထိ ယာဉ်မတော်တဆမှု ၁ဝ၅၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံး သူ ၁၈၃ ဦးနှင့် ထိခိုက်ဒဏ်ရာရ သူ ၁၆၁၇ ဦးရှိခဲ့သည်။ ထိုမတော်တဆမှုများအနက် မဆင်မခြင်မောင်းနှင်မှုကြောင့် ဖြစ် ပွားသည့် ယာဉ်တိုက်မှုမှာ ၅၄၄ မှု၊ အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ဖြစ်ပွားသည့် ယာဉ် တိုက်မှု ၁၁ဝ မှု၊ ခရီးသည်၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု ၃ဝ မှု၊ လမ်းကူးသူ၏ပေါ့ဆမှု ကြောင့် ဖြစ်ပွားသည့်ယာဉ်တိုက်မှု ၂၁ဝ မှု ဖြစ်ပွားခဲ့ကြောင်း ထုတ် ပြန်ချက်များအရ သိရသည်။ ထို့ပြင် ဖြစ်ပွားခဲ့သည့် ယာဉ် မတော်တဆမှုများထဲတွင် ကားနှင့် လူတိုက်မှုမှာ ၃၇၄ မှုရှိပြီး အများ ဆုံးဖြစ်ကာ၊ ကားကားချင်းတိုက်မှု မှာ ၃၁၈ မှုနှင့် ဒုတိယအများ ဆုံးဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ် သည့် ယာဉ်အမျိုးအစားများကို စစ်ဆေးရာတွင်လည်း ကိုယ်ပိုင်ယာဉ် ကြောင့် ဖြစ်သည့် ယာဉ်တိုက်မှု မှာ ၅၈၆ မှုရှိပြီး ခရီးသည်တင် ယာဉ်ကြောင့်ဖြစ်သည့် ယာဉ်တိုက် မှုမှာ ၂၇၈ မှုနှင့် အငှားယာဉ်ကြောင့် ဖြစ်သည့် ယာဉ်တိုက်မှု ဖြစ်စဉ်မှ ၁၂၁ မှုတက္ကစီအငှားယာဉ်ကြောင့် ယာဉ်တိုက်မှုမှာ ၁၂ဝ ရှိကြောင်း ထုတ် ပြန်ချက်စာရင်းများအရ သိရ သည်။ ”ဒီလိုယာဉ်မတော်တဆမှု တွေကြောင့် သေဆုံးဒဏ်ရာရသူ အများစုကလည်း လူငယ်တွေ အများဆုံး ပါဝင်နေတယ်” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။
PN-020
ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်
စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)
၂၀၁၃ ပြက္ခဒိန်
ၶ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....
Thursday, December 8, 2011
၃ နှစ်အတွင်း ရန်ကုန်ယာဉ်တိုက်မှု စံချိန်ချိုး
Labels:
သတင်း
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်