တက္ကစီမောင်းသူအချို့မှာ ကားမောင်းသူထိုင်သည့် နေရာကို လုံခြုံရေး အကာအကွယ်များ ပြုလုပ်လာကြကြောင်း ယင်းအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
“ကိုယ့်အန္တရာယ်အတွက် စိုး ရိမ်ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီလုံခြုံရေးအကာအကွယ်ကို လုပ်ဖြစ်တာပါ။ ကိုယ့်ဘာသာပဲလုပ်တာဖြစ်ပြီး ကျပ်နှစ်သောင်းခွဲလောက် ကုန်ပါတယ်။ လောလောဆယ် နောက် ဘက်ခြမ်းကိုပဲ လုပ်ရသေးပြီး ဘေးဘက်ခြမ်းကိုပါ ဆက်လုပ်သွားဖို့ရှိပါတယ်။ တက္ကစီမောင်းတဲ့သူတိုင်း ဒါမျိုးလုပ်ထားသင့်တယ်လို့ ထင်ပါ တယ်။ နောက်ပိုင်းမှာ နိုင်ငံတကာ ကို အရောက်အပေါက် များလာလို့ ကားငှားတဲ့သူတွေဆီကနေ တခြားနိုင်ငံက လုပ်ထားတဲ့ ပုံစံတွေပြန်ကြားရပြီး စိတ်ကူးရတာတွေလည်း ရှိပါ တယ်” ဟု လုံခြုံရေး အကာအကွယ်ကို ကိုယ်တိုင် ပြုလုပ်တပ်ဆင်ခဲ့သူ တက္ကစီသမားတစ်ဦးကပြောပြသည်။
“အခုတလောမှာ တက္ကစီမောင်း သူတွေကြား ကြားနေရတာက ကားမောင်းသူကို ဓားထောက်တာတွေ၊ နောက်ကနေပြီး လည်ပင်းကို ကြိုးနဲ့ သိုင်းတာတွေ၊ ခေါင်းကိုကြွပ်ကြွပ်အိတ်နဲ့ အစွပ်ခံရတာတွေ စုံလို့ပါပဲ။ အဲဒီလိုမျိုး အကြံအစည်ရှိတဲ့သူတွေ က လူသုံးဦးလောက် အနည်းဆုံးစုငှားပြီး လူရှင်းတဲ့နေရာတွေမှာ ကျူး လွန်ကြတယ်လို့ ကြားရတယ်။ အခု နောက်ပိုင်းက ကားကိုလုတာ မဟုတ်တော့ဘဲ တက္ကစီမောင်းသူမှာ ပါလာတဲ့ ပိုက်ဆံကိုပဲ အနုကြမ်းစီးတဲ့ သဘောမျိုး လုပ်လာကြတယ်”ဟု အငှားယာဉ်မောင်းသူ တစ်ဦးက ပြောကြားပါသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်