ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, December 7, 2011

ရန်ကုန်လေဆိပ်တွင် နိုင်ငံခြားသားဧည့်သည်များအတွက် နိုင်ငံခြားသား ခရီးသွားဧည့်သည် စောင့်ရှောက်ရေးအဖွဲ့ကောင်တာ စတင်ဖွင့်လှစ်

b36_06s
ရန်ကုန်လေဆိပ်ရှိ နိုင်ငံခြားသားဧည့်သည် စောင့်ရှောက်ရေးအဖွဲ့ကောင်တာအား ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်လေဆိပ်တွင် နိုင်ငံခြားသားဧည့်သည်များအတွက် နိုင်ငံခြားသား ခရီးသွားဧည့်သည် စောင့်ရှောက်ရေးအဖွဲ့ကောင်တာအား စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်လေဆိပ်ကဲ့သို့ မန္တလေး၊ ညောင်ဦးစသည့် အခြားလေ ဆိပ်များတွင်လည်း နိုင်ငံခြားသား ခရီးသွားဧည့်သည်စောင့်ရှောက်ရေး အဖွဲ့ကောင်တာများဆက်လက်ဖွင့်လှစ် သွားရန်ရှိကြောင်း သတင်းရရှိပါ သည်။


ရန်ကုန်လေဆိပ်ရှိ နိုင်ငံခြား သားခရီးသွားဧည့်သည်စောင့်ရှောက် ရေးအဖွဲ့ကောင်တာအား နိုဝင်ဘာ လ ၂၅ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ သည်။

ယင်းအဖွဲ့သည် ယခင်ကရှိပြီးဖြစ်သော Tourist Information ကောင်တာကို လုပ်ငန်းလိုအပ်ချက်အရ အမည်ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ နိုင်ငံခြားသားခရီးသွားဧည့်သည်များအား လိုအပ်သည့်ကိစ္စရပ်များအား ကူညီပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

''ဒီကောင်တာကအရင် Tourist Information ကောင်တာကို လက်ရှိလိုအပ်နေတဲ့ လုပ်ငန်းလိုအပ်ချက်အရ အမည်ပြောင်းလဲ ဖွင့်လှစ်ထားတာပါ။ အဓိက လုပ်ဆောင်သွားမယ့်အချက်တွေက မြန်မာနိုင်ငံကို ၀င်ရောက် လာမယ့် နိုင်ငံခြားသားခရီးသွားတွေကို ဘယ်နေရာတွေ သွားခွင့်ရှိတယ်။ ဘယ်နေရာတွေကိုတော့ သွားခွင့်မရှိဘူးစတဲ့ ကန့်သတ်ထားတဲ့ နေရာတွေကို သိအောင်ပြောပြပေးမယ်။ လမ်းညွှန်မြေပုံပါ ထုတ်ပေးမယ်။ ထပ်ဆောင်းတာဝန်အနေနဲ့ ဧည့်လမ်းညွှန်တွေကို ကြီးကြပ်သွားမယ်။ ဧည့်လမ်းညွှန်တွေ လိုက်နာရမယ့်စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုရှိသလားဆိုတာ စောင့်ကြည့်သွားမယ်။ ဥပမာ သတ်မှတ်ယူနီဖောင်း ၀တ်တာမျိုးပေါ့'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်မှစတင်ကာ နိုင်ငံခြားသားဧည့်သည်များ၏ လုံခြုံမှုအတွက် ကျိုက်ထီးရိုးနှင့် ပုဂံဒေသတွင် နိုင်ငံခြားသားဧည့်သည် စောင့်ရှောက်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့များကို အသီးသီးဖွဲ့စည်းခဲ့ပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက်သောခရီးသွားများအနက် မိမိအစီအစဉ်ဖြင့် လာရောက်ကြသူများသည် အဓိကခရီးသွား အမျိုးအစားဖြစ်နေပြီး ဒေသတွင်းသွားလာရင်းမှ အမှုအခင်းကြုံရခြင်းအချို့လည်း ရှိခဲ့ကြောင်း၊ မကြာသေးမီက ပုဂံဒေသသို့ လာရောက်လည်ပတ်သော ဂျပန်အမျိုးသမီး သေဆုံးခဲ့မှု၊ နိုင်ငံခြားသားခရီးသွားဧည့်သည်ထံမှ ပစ္စည်းလုယူခံရမှုစသည်တို့ ကြုံတွေ့ရခြင်းများ ရှိခဲ့ကြောင်းလည်း သိရှိရပါသည်။

1 comments:

ကျနော်ဝေယျာဝစ္စ သမား said...

လောကဇာတ်ခုံမှကြိုဆိုပါတယ်...

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com