ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းမှ ဗုဒ္ဓဘာသာ လူငယ်ယဉ်ကျေးမှု(နည်းပြ) သင်တန်းနှင့် ဗုဒ္ဓဘာသာ လူငယ်ယဉ်ကျေးမှု သင်တန်းတို့ကို ဖွင့်လှစ် ပို့ချမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဗုဒ္ဓဘာသာ လူငယ်ယဉ်ကျေးမှု (နည်းပြ)စနေ၊ တနင်္ဂနွေ (၄)ရက်သင်တန်း ကို ဒီဇင်ဘာလ (၁၀)ရက်မှ ၁၁ရက်နေ့ (နံနက် ၉နာရီမှ ညနေ ၅နာရီထိ)နှင့် ဒီဇင်ဘာလ ၁၇ရက်မှ ၁၈ရက်နေ့ (နံနက် ၉နာရီမှ နေ့လယ် ၁၂နာရီထိ)တို့တွင် ထေရဝါဒ သာသနာ ပြန့်ပွားရေးအဖွဲ့ (နေပြည်တော်၊ ပျဉ်းမနား)မှ ဆရာကြီး၊ ဆရာမကြီးများ ပို့ချပေးမည်ဖြစ်ပြီး ၁၈နှစ် ပြည့်ပြီး ဘာသာရေးအခြေခံရှိ၍ ယဉ်ကျေးမှု နည်းပြအဖြစ် ဆောင်ရွက်ရန် စိတ်ဝင်စားသူများ တက်ရောက်နိုင်ပြီး ဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးမှု(၇)ရက် သင်တန်းကို ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၁ ရက်နေ့(နံနက် ၉နာရီမှ ၁၀နာရီခွဲထိ) တွင် ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းမှ နည်းပြများက ပို့ချပေးမည်ဖြစ်သည်။
၎င်းသင်တန်းတွင် ၂တန်းမှ တက္ကသိုလ်ထိ ကျောင်းသား/သူများ တက်ရောက်နိုင်ကြောင်း သိရသည်။ သင်တန်းသားများ အနေဖြင့် ကျောင်းဝတ်စုံ (အဖြူ/အစိမ်း) (သို့) ယောဂီဝတ်စုံ (အဖြူ/အညို)တို့ ဝတ်ဆင်ရမည်ဖြစ်သည်။ သင်တန်းပို့ချမည်နေရာမှာ သာသနာ့အလင်းရောင် ဓမ္မရုံ၊ စကားစိမ်းလမ်းနှင့် ကန္နားလမ်းဒေါင့်(ထော်လီကွေ့ မှတ်တိုင်အနီး)တွင် ပို့ချမည်ဖြစ်ပြီး ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းသိမ်ကြီးဈေး(စီရုံ)၊ အဆောင်-၄(ပထပ်)။ ဖုန်း- ၃၈၂၉၃၅၊ ဝ၉-၅၀၇၉၆၇၄၊ သာသနာ့ အလင်းရောင် ဓမ္မာရုံ အကျိုးဆောင်အဖွဲ့ ဝ၉-၅၁၄၃၉၉၈၊ ဝ၉-၇၃၀၆၆၅၇၉ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်