ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, December 6, 2011

ကဒါဖီ၏သားကြီး၏ ပုပ်ပွနေသည့် လက်ချောင်းများ ခွဲစိတ်ရန်လိုအပ်

ကဒါဖီ၏သားကြီး၏ ပုပ်ပွနေသည့် လက်ချောင်းများ ခွဲစိတ်ရန်လိုအပ်
မွမ်မာကဒါဖီ၏သား ဆာအစ်အဲလ်အစ္စလာမ် အကြီးအကျယ် ဒဏ်ရာရခဲ့သည့် လက်မနှင့် လက်ချောင်းများမှ ပုပ်ပွနေသော အသားစ ကိုဖယ်ထုတ်ရန် ခွဲစိတ်ဖို့လိုကြောင်း၊ သို့မဟုတ်ပါက ဒဏ်ရာများကြောင့် အကြီး အကျယ် နေမကောင်းဖြစ်နိုင်ကြောင်း ၄င်းအား ကုသပေးနေသော ဆရာဝန်တစ်ဦးက နိုဝင်ဘာ ၂၄ တွင် ပြောကြားခဲ့သည်။ ဆာအစ်အဲလ် အစ္စလာမ်က ၄င်း၏ ညာဘက်လက်ဒဏ်ရာများသည် လွန်ခဲ့သော ရက် သတ္တပတ်များစွာက နေတိုးအဖွဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ရရှိခဲ့ ကြောင်း ပြောကြားခဲ့သည်။ ဆာအစ်အဲလ်အစ္စလာမ်အား ဖမ်းဆီးထားရာဇင်တန်မြို့တွင် အလုပ် လုပ်နေသော ယူကရိန်းဇာတိ ဆရာဝန် မူရာခေါ့ဗ်စကီးက "ဒဏ်ရာဟာ အခြေအနေမကောင်းဘူး။ ဖြတ်ထုတ်ပစ်ဖို့လိုမယ်"ဟု ပြောကြားခဲ့သည်။ ဆာအစ်အဲလ်အစ္စလာမ်၏ ပတ်တီးစည်းထားသောလက်၏ ဓာတ်ပုံ တစ်ပုံ အင်တာနက်ပေါ်တွင် ရောက်လာသောအခါ လစ်ဗျားနိုင်ငံသား အများအပြားက ၄င်းအား ဖမ်းဆီးခဲ့သူများသည် ဆာအစ်၏လက်ချောင်း များကို ဖြတ်တောက်ပစ်ခဲ့ကြသည်။ အကြောင်းမှာ ဆာအစ်သည် ရုပ်မြင် သံကြားပေါ်မှနေပြီး ကဒါဖီဆန့်ကျင်ရေးသူပုန်များအား လက်ညှိုးထိုး၍ ခြိမ်းခြောက်ခဲ့၍ ဖြစ်သည်ဟုယူဆခဲ့ကြသည်။ သို့သော် မူရာခေါ့ဗ်စကီးက ဆာအစ်၏ ဒဏ်ရာများ သည် ပေါက်ကွဲမှုကြောင့်ရရှိခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ReF: Internet

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com