ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, December 7, 2011

ရွှေထွက်ရာသီ အစကာလသာ ရောက်ရှိသေးသော်လည်း ရန်ကုန်ဈေးကွက်သို့ မန္တလေးတိုင်းဒေသကြီးမှ သာမက ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ဘက်များကပါ ရွှေဝင်ရောက်မှုမျာ:

4366

ပွင့်လင်းရာသီဖြစ်သည့် လက်ရှိကာလသည် ရွှေထွက်ရာသီကာလ အစသာ ရောက်ရှိသေးသော်လည်း ရန်ကုန်ဈေးကွက်သို့ မန္တလေးတိုင်း ဒေသကြီးမှသာမက ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် ဘက်များကပါ ရွှေဝင်ရောက် စီးဆင်းမှုများပြားလျက်ရှိကြောင်း သိရှိရသည်။

ဈေးကွက်သို့ ရွှေတူးဖော်ထွက် ရှိရာဒေသများမှ ရွှေဝင်ရောက်မှု သည် နိုဝင်ဘာလလယ်ခန့်မှ မေလ နှောင်းပိုင်းအထိ ၀င်ရောက်မှုများ လေ့ရှိပြီး မိုးရာသီကာလများတွင်မူ ရွှေတူးဖော်မှုလုပ်ငန်းများ ရပ်နား ကြသည့်အတွက် ဈေးကွက်သို့ ရွှေ ၀င်ရောက်မှုလျော့နည်းလေ့ရှိသည်။

“အခုနောက်ပိုင်းရွှေထွက်လေ့ ရှိတဲ့နေရာတွေမှာ အရင်ထက်ပိုထွက် တာတို့၊ ရွှေကြောအသစ်တွေများလာ တာတို့တွေရှိလာတဲ့အတွက် အခုအ ချိန်ကရွှေထွက်ရာသီကာလရဲ့အစသာ ဖြစ်သေးပေမယ့် အဓိကဈေးကွက် ဖြစ်တဲ့ ရန်ကုန်ဈေးကွက်ကို ရွှေဝင်ရောက်စီးဆင်းမှုတွေက ပြီးခဲ့တဲ့နှစ် ရွှေထွက်ရာသီအစထက် အနည်းငယ်ပိုဝင်မှုရှိပါတယ်။ ဒါပေမယ့် အခုအချိန်က ရာသီအစပဲ ဖြစ်သေးတာကြောင့် ရွှေထွက်ရှိမှု၊ ၀င်ရောက်မှု အခြေအနေကို အဆုံးထိ သုံးသပ်လို့မရသေးဘဲ ရွှေတူးဖော်ကြမှု ရပ်နားချိန်ဖြစ်တဲ့ နောက်နှစ် မေလကုန်လောက်မှ ရွှေထွက်ရှိမှု အခြေအနေအရပ်ရပ်ကို သုံးသပ်လို့ရ မှာပါ။ လောလောဆယ်မှာတော့ ရွှေ တူးဖော်ရာသီအစရဲ့ ရွှေထွက်ရှိမှုကတော့ အခြေအနေ ကောင်းနေပါတယ်။ ဒါကြောင့် ရန်ကုန်ဈေးကွက်ကို ပုံမှန်ဆိုရင် မန္တလေးတိုင်းဒေသကြီးက ရွှေဝင်ရောက်စီးဆင်းမှု များလေ့ရှိပေမယ့် အခုဆိုရင် အဲဒီနေရာ ကသာမကဘဲ ပဲခူးတိုင်းဒေသကြီး ရွှေကျင်၊ မွန်ပြည်နယ်ဘီးလင်းနဲ့ ကျိုက်ထိုဘက်ကတွေပါ ရွှေဝင်ရောက်မှုတွေ များပြားနေပါတယ်။ ဒီလနှောင်းပိုင်းလောက် ဆိုရင်တော့ တခြားရွှေထွက်လေ့ရှိတဲ့ ကချင်ပြည် နယ်ဘက်တွေကပါ ရွှေဝင်ရောက်မှု တွေများလာလိမ့်မယ်လို့ ထင်ပါ တယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

မြန်မာနိုင်ငံတွင် ရွှေထွက်ရှိမှု များသည့် မိုးရွာသွန်းမှုများလေ့ရှိသည့် နေရာများတွင် အထွက်များလေ့ရှိပြီး ၀ယ်လိုအား များလေ့ရှိသော နေရာများသို့ ရွှေဝင်ရောက်စီးဆင်းမှု များပြားလေ့ရှိကြောင်း သိရှိရ သည်။ ယခုလက်ရှိ ရန်ကုန်ဈေးကွက် အတွင်း၌ ရွှေဈေးနှုန်းများမှာ ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၈၅၀၀၀ နှင့်အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၇၂၅၀၀၀ ၀န်း ကျင်ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com