၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ် အချိန်ခန့်က မဟာဗန္ဓုလတံတားပေါ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်နောက်လိုက်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သန်လျင်-ဆူးလေပြေး ဆွဲသော ၁၀၉ ယာဉ်လိုင်းမှ ဘီအမ်ကားတစ်စီးသည် ဒေါပုံမြို့နယ်ဘက်မှ ဗိုလ် တထောင်မြို့နယ်ဘက်သို့ မောင်းနှင် လာစဉ်တံတားအဆင်း ရဲကင်းတဲအနီးတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်ကြောင့် ယာဉ်နောက် လိုက်ဇော်ဇော်ထိုက်မှာ အခင်းဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ကားက ဒေါပုံဘက်ကနေ မောင်း လာတာ။ ရဲကင်းနားအရောက်မှာ အရှိန်လွန် စလစ်ဖြစ်ပြီး တစ်ဖက်ယာဉ်ကြောမှာ မှောက်သွားတာ။ စပယ်ယာကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ အရှိန်က ဘယ်လောက်ပြင်းလဲမသိဘူး။ စပယ်ယာက ခေါင်းလည်း ကြေသွားတယ်။ လမ်းမှာယာဉ်ကြောလည်း ခဏပိတ်သွားတယ်''ဟု ဖြစ်စဉ်အနီးတွင် ရှိနေသူတစ်ဦးက ပြောပါသည်။တံတားပေါ်ရှိ ရဲကင်းတဲတွင် တာဝန်ကျနေသူရဲဝန်ထမ်းတစ်ဦးကလည်း ''ကျွန်တော့ လက်နဲ့ခြေထောက်မှာ နည်းနည်းဒဏ်ရာရသွားတယ်။မှောက်ပြီး နောက်ပိုင်းယာဉ်မောင်းက ထွက်ပြေးသွားလို့ ကျွန်တော်လိုက်ဖမ်းတာ သူကဇောနဲ့ပြေးလို့ထင်တယ်။ မမိလိုက်ဘူး'' ဟု ပြောပါသည်။
ထိုသို့ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်နောက်လိုက်တစ်ဦးသေဆုံးပြီး ခရီးသည် အနည်းဆုံးငါးဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်