ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, December 8, 2011

ဂျီအက်စ်အမ်ဖုန်း အင်တာနက်လိုင်းအား One Stop Service ဖြင့် ပြန်လည်ချထားပေး

ချထားပေးမှု ခေတ္တရပ်ဆိုင်းထားသည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်း အင်တာနက်လိုင်းအား ဒီဇင်ဘာလ ၇ ရက်နေ့၌ One Stop Service ဖြင့် ပြန်လည်ချထားပေးလျက်ရှိကြောင်း Elite Tech Service မှ သိရသည်။

ပြန်လည်ချထားပေးသည့် ဂျီအက်စ်အမ် အင်တာနက်လိုင်းမှာ ယခင်ချထားပေးခဲ့သည့် EDGE စနစ်ပင်ဖြစ်ပြီး အင်တာနက်အမြန်နှုန်းမှာ 192kbps ဖြစ်ကြောင်းသိရသည်။ လျှောက်ထားရာတွင် စာချုပ်၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူများလိုအပ်ပြီး အင်တာနက်လိုင်း လျှောက်ထားခမှာ ကျပ်တစ်သောင်းဖြစ်ကြောင်း သိရသည်။

'' ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး အစ်ကိုတို့ Elite Techမှာ ဂျီအက်စ်အမ် အင်တာနက်လိုင်းလျှောက်တာကို One Stop Service နဲ့ လုပ်ပေးနေပါတယ်။ အင်တာနက်အမြန်နှုန်းက 192 kbps နဲ့ တစ်မိနစ်ကို လေးကျပ်နှုန်း ကောက်သွားမှာပါ။ လိုင်းကတ်အသစ်လျှောက်မယ့်သူတွေလည်း အင်တာနက်ယူမယ်ဆိုရင် လိုင်းကတ်ဖိုးငါးသိန်းနဲ့ အင်တာနက်လိုင်းအတွက် ကျပ်တစ်သောင်း တစ်ခါတည်းသွင်းပြီး လျှောက်လို့ရပါတယ်''ဟု Elite Tech မှ ကိုစိုင်းခင်မောင်အေးက ပြောကြားသည်။

အလုံမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများတွင်လည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com