‘အမေ့ ကျေးဇူးဆပ်ဖူးချင်တယ်’ ဇာတ်ကားမှ ဇာတ်ဝင်ခန်း
၂၀၁၀ ပြည့်နှစ်အတွက် ရွေးချယ်ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆု(အကယ်ဒမီ)စာရင်းအတွက် ရုပ်ရှင်ဇာတ်ကား ၁၅ ကားအား စိစစ်အကဲဖြတ်လျက်မှုများအားပြုလုပ် လျက်ရှိသည်ဟု သတင်းရရှိသည်။
“၂၀၁၀ ပြည့်နှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကား ၁၅ ကား စာရင်းဝင်တယ်လို့ သိရပါတယ်။ တချို့ ကျတော့လည်း နယ်မှာအမီသွား တင်တာမျိုးရှိသလို တချို့ကလည်း ရန်ကုန်ရော နယ်ရောမီတဲ့ကားတွေပါ။ ဒီနှစ်စာရင်းဝင်တဲ့ ဇာတ်ကားတွေထဲ မှာ အရင်နှစ်တွေလိုပဲ ဟာသကား အများစုပါဝင်နေတယ် ဆိုပေမယ့် ဒရာမာကားတွေလည်း ပါဝင်လာပါတယ်။ ဒရာမာကား အနည်းစုဖြစ်နေတယ်ဆိုတော့ အဲဒီကားတွေထဲကပဲ ဆုအများဆုံးရမလား၊ ဟာသကားထဲကပဲ တချို့ဆုတွေရနိုင်လား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ”ဟု ရုပ်ရှင် ထုတ်လုပ်ရေးတစ်ခုမှ တာဝန်ရှိသူတစ်ဦး က ရှင်းပြခဲ့သည်။
“နှစ်တိုင်းကတော့ ဒရာမာကားတွေထဲက ဆုအများဆုံးရကြသလို ဇာတ်ကားလည်း သိပ်မများဘဲ ပါတဲ့ သရုပ်ဆောင်တွေကလည်း ဒီလူ ဒီလူဖြစ်နေတော့ ကြိုတွက်ဆလို့ရသလိုတောင် ဖြစ်နေတာ။ အကယ်ဒမီ ဆိုတာကို အနုပညာရှင်တိုင်းကတော့ မြတ်နိုးကြပေမယ့် ကားအနည်းစုထဲက ရွေးပေးတာဆိုတော့ ဟိုအရင်ခေတ်တွေ လောက်တော့ ရင်မခုန်ကြတော့ဘူး။ အရင်ကတော့ကား ၅၀ ၊ ၁၀၀ ထဲ က တစ်ဆုဖြစ်ဖို့ဆိုတာ တော်တော်ခက်တဲ့ကိစ္စလေ။ ဘယ်လိုမှလည်း ကြိုမသိနိုင်ဘူး။ အဲဒီ ခံစားချက်လေးတွေကတော့ ကွာသွားတာပေါ့” ဟု ၀ါရင့်ရုပ်ရှင်ဒါရိုက်တာတစ်ဦး က ရှင်းပြခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအတွက် စာရင်းဝင်သည့် ဇာတ်ကားများမှာ နတ်ဖြစ်ရတဲ့ဒုက္ခ၊ ဆွေတစ်ရာမောင်တစ်ကျိပ်၊ နတ်ဖက်တဲ့စုံတွဲများ၊ ဟတ်ထိတယ်၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ဂွတ်ရှယ်သမက်၊ ဘာမီတွန်၊ အချစ်လားလာထား၊ အငိုမျက်လုံး အပြုံးမျက်နှာ၊ ရင်ဘတ်ကြီးနဲ့ချစ်လိုက်မယ်၊ နယူးမော်ဒယ်လ်၊ အာဒမ်ရယ် ဧ၀ရယ်ဒသရယ်၊ အမေ့ ကျေးဇူးဆပ်ဖူးချင်တယ်၊ လာထား အာဘွား၊ ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားများဖြစ်သည်ဟု သိရှိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်