၂၀၁၁ ခုနှစ်အတွင်း မြန်မာရုပ်ရှင် ဇာတ်ကားသစ် ၂၀ ၀န်းကျင်ခန့် ပြသခွင့်ပြုခဲ့ပြီး လေးနှစ်တာ ကာလအတွင်း ပြသခွင့်ပြုခဲ့သည့် စာရင်းအရ အမြင့်ဆုံးဖြစ်နေကြောင်း သိရှိရပါသည်။
“၂၀၁၁ ခုနှစ်အတွင်းမှာ ပြသခွင့် ဆင်ဆာချထားပေးတဲ့ ဇာတ်ကား အရေအတွက်က ကား ၂၀၀န်းကျင် လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီကားတွေရဲ့ ရုံရက်ချိတ်ကို ပြန်ကြည့်မယ်ဆိုရင်တော့ ၂၀၁၃ နှစ်ဆန်း ပိုင်းကို ရောက်နေပါပြီ။ ဒါကြောင့် အခုလိုတစ်ကားပြီးမှ တစ်ကားရုံတင်တဲ့စနစ်ထက်ကို ရုံပြိုင်ပြသတဲ့ စနစ်မျိုးတွေဖြစ်လာဖို့လည်း ထုတ်လုပ်သူတချို့က မျှော်လင့်နေကြပါပြီ”ဟု ဒါရိုက်တာဝိုင်းက သုံးသပ်ပြခဲ့ပါ သည်။
ထို့အပြင် မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်ကလည်း “၂၀၁၁ ခုနှစ်အတွင်းမှာ ဆင်ဆာကြည့်ရှုပေးတဲ့ ဇာတ်ကား အရေအတွက် ၂၀ ၀န်းကျင်လောက် ရှိပါမယ်။ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အမြင့်ဆုံးအရေအတွက်လို့ ပြောလို့ရပါတယ်”ဟု ပြောပြခဲ့သည်။
မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ဆင်ဆာခွင့်ပြုပြီးနောက် ပြသရန်ရုံ ရက်ချိတ်ရယူထားသည့် မြန်မာရုပ်ရှင် ဇာတ်ကားသစ်များမှာ ချိန်း၊ အမေ့ကျေးဇူးဆပ်ဖူးချင်တယ်၊ အချစ်ကွိုင်၊ အမွှေဇယား၊ မေခင်ကညာ၊ ချစ်တယ်ပြောမှလွှတ်မယ်၊ ရင်ကွဲနာ၊ ငါမင်းကို၊ အမိုက်စား၊ သွားလူဆိုး ဒါမျိုးတော့တတ်တယ်၊ နှစ်ပင်လိမ် တဲ့ ရည်းစားစာ၊ အလန်းလွန်အလွန်လန်း၊ ချစ်ပန်းဝေ၊ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀၊ ထာဝရအလင်းတန်းများ၊ ဟတ်ထိတယ်-၂၊ အထာအသစ်နဲ့ နှစ်ခါချစ်မယ်၊ ၀ဋ်ကြွေး၊ ဆယ့်နှစ် နာရီသတို့သား၊ ဇာတ်လမ်းဟောင်း တွေရှိခဲ့ရင်၊ ပြုံးပြုံးပျော်ပျော်ထော်လော်ကန့်လန့် ဇာတ်ကားများဖြစ်သည် ဟု သိရှိရသည်။
နှစ်အလိုက် ဆင်ဆာခွင့်ပြုခဲ့သည့် ဇာတ်ကားအရေအတွက်
၂၀၀၈ - ၁၀ ကား
၂၀၀၉ - ၁၂ ကား
၂၀၁၀ - ၁၆ ကား
၂၀၁၁ - ၂၀ ကားဝန်းကျင်ခန့်












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်