ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, December 6, 2011

တာရစ် အဇစ် ကို ကွပ်မျက် မည်

111205111215-tariq-aziz-story-top

အီရတ် နိုင်ငံ တွင် ဆက်ဒမ် ဟူစိန် အုပ်ချုပ် စဉ် က နိုင်ငံခြား ရေး ၀န်ကြီး နှင့် ထိပ်တန်း အစိုးရ
အဖွဲ့  ရာထူး နေရာများ ကို ရယူ ခဲ့ သူ တစ်ဦး ဖြစ်သည့် တာရစ် အဇစ် ကို နောက် နှစ် တွင် ကြိုး
ပေး ကွပ် မျက် တော့ မည် ဟု အီရတ် အစိုးရက ယနေ့ တရား ၀င် သတင်း ထုတ် ပြန် သည်။

တာရစ် အဇစ် ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ က အီရတ် တရား ရုံး က သေဒဏ် ပေးခဲ့ ခြင်း
ဖြစ်သည်။ ၁၉၈၁ ခုနှစ် မှ ၂၀၀၃ ခုနှစ် အထိ ဒုတိယ ၀န်ကြီးချုပ် အဖြစ် တာဝန်ယူထား စဉ် အတွင်း
အပြစ်မဲ့ ပြည်သူ များ ကို သတ်ဖြတ် မှု တွင် တာဝန် ရှိမှု ၊ အာဏာအလွဲ သုံးစား လုပ်မှု များ ဖြင့်
ပြစ်ဒဏ် ချမှတ် ခဲ့ ခြင်း ဖြစ်သည်။

တာရစ် အဇစ် သည် ဆက်ဒမ် ဟူစိန် အစိုးရ အဖွဲ့  အတွင်း တစ်ဦး တည်းသော ခရစ်ဘာသာ ၀င်
တစ်ယောက် ဖြစ်သည်။

ဆက်ဒမ် ဟူ စိန် အစိုးရ အား မဟာမိတ် အဖွဲ့  များ က ဖယ်ရှား ပြီး နောက် ၂၀၀၃ ခုနှစ် ဧပြီလ
တွင် တာရစ် အဇစ် ကို ဖမ်းဆီး ရ မိခြင်း ဖြစ်သည်။ အသက် ၇၄ နှစ် အရွယ် ရှိ ပြီ ဖြစ်သည့်
တာရစ် အဇစ် ကို ကွပ် မျက်ရန် အတည်ပြုချက် လက်မှတ် ထိုး ဖို့  အတွက် လက်ရှိ အီရတ်
သမ္မတ ဂျာလာ တာလီဘာနီ က ပြီး ခဲ့ သည့် လ က ငြင်းဆန် ခဲ့ သည်။

တာရစ် အဇစ် ၏ သမီး ဖြစ်သူ ဇိုင်းနဘ် အဇစ် က “အဖေ က ၂၂ နှစ် လုံး လုံး တိုင်း ပြည် အတွက်
အလုပ်လုပ် ခဲ့ တာ သူ ဘာမှ မမှား ဘူး ၊ အမေရိကန် တွေ ၀င်လာ တော့ လည်း သူ ကိုယ်တိုင်
မကြောက် မရွံ့ သွား အဖမ်းခံခဲ့ တာ ပဲ ” ပြောသည်။

အီရတ် အစိုးရ အဖွဲ့ အတွင်း အမေရိကန် လူ ဟု လူသိများ ခဲ့ သည့် တာရစ် အဇစ် ကို အီရတ်
မြေ မှ အမေ ရိကန် တပ် များ ထွက် ခွာ ပြီး ချိန် တွင် ကွပ် မျက် မည် ဖြစ်သည်။

ဆက်ဒမ် ဟူစိန် နှင့် ၊ ဓာတု အလီ ကို ကြိုးပေး ကွပ်မျက် ခဲ့ ပြီး ဖြစ်သည်။

တာရစ် အဇစ် နှင့် ရော်နယ် ရေဂင် တွေ့ ဆုံ စဉ်

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com