ပင်လယ်၊ ပင်လယ်နှင့်ဆက်စပ် မြစ်ဝဒေသတို့တွင် နေထိုင်ကျက်စားလေ့ရှိသော ပင်လယ်ပျော်စင်ရော်ငှက်များသည် ၂၀၀၅ ခုနှစ်၊ ဖေဖော် ၀ါရီနောက်ဆုံးပတ်မှစတင်ကာ စားကျက်မြေပြောင်းရွှေ့သွားခဲ့ပြီးနောက် ယခုနှစ်နိုဝင်ဘာလ ပထမအပတ်မှ စတင်ပြီး မော်လမြိုင်ကမ်းရိုးတန်း တစ်လျှောက် ရေချို၊ ရေငန်စပ်ရေပြင် ဧရိယာများ၌ ပြန်လည်တွေ့ရှိလာရ ကြောင်း သိရှိရသည်။
''စင်ရော်ငှက်လေးတွေက မော်လမြိုင်မြို့ရဲ့သင်္ကေတတစ်ခုပါ။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ သံလွင်တံတား(မော်လမြိုင်)ကို ဖွင့်လှစ်ပြီး နောက်ပိုင်းတစ်ကောင်တစ်မြီးမှ ရှာလို့မရအောင် ပျောက်ဆုံးသွား ခဲ့ပါတယ်။ စားကျက်မြေရှားပါးလာ ခြင်းကြောင့်ဖြစ်ပါတယ်။ သံလွင်တံတား ဖွင့်လှစ်ပြီးနောက်ပိုင်း မော်လမြိုင်-မုတ္တမ ကူးတို့သင်္ဘောတွေ ပိတ်သိမ်းခဲ့တယ်။ စင်ရော်ငှက်ကလေးတွေကို တယုတယ အစာကျွေးမယ့်ခရီးသည်တွေ မရှိတော့လို့ ယူဆရပါတယ်''ဟု မြို့ခံတစ်ဦးမှ သုံးသပ်ပြောဆိုပါသည်။
ပင်လယ်ပျော်စင်ရော်ငှက်များသည် ယခင်က မော်လမြိုင်ကမ်းရိုးတန်းတွင် နေထိုင်ကျက်စားလေ့ရှိကြပြီး မော်လမြိုင်ကမ်းရိုးတန်းအလှကို ပုံဖော်ထုဆစ်နေသည့် ငှက်ငယ်လေးများဖြစ်ကြောင်း၊ ကမ္ဘာလှည့် ခရီးသည်များ အပါအ၀င် ဒေသခံဓာတ်ပုံ ၀ါသနာရှင်များက သင်္ဘောများဖြင့် လိုက်ပါစီးနင်းကာ စင်ရော်ငှက်လေးများသည် မော်လမြိုင်မြို့၏ သင်္ကေတ အမှတ်အသားတစ်ခုအဖြစ် ရပ်တည်လေ့ရှိကြောင်း သိရှိရသည်။
စင်ရော်ငှက်များသည် ကမ္ဘာတွင်နေရာအနှံ့အပြားတွေ့ရသည့် ငှက်အမျိုးအစားဖြစ်ပြီး အာရှတိုက် အလယ်ပိုင်း၊ တာဂျစ်ကစ္စတန်နှင့် တိဘက်နယ်ကြားရှိ ရေအိုင်ကြီးများတွင် သားပေါက်ကြကာ ပင်လယ်၊ ပင်လယ်နှင့် ဆက်စပ်နေသော မြစ်ဝများတွင် နေထိုင်ကျက်စားလေ့ရှိ ကြောင်းသိရှိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်