ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, March 23, 2012

နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအား ဖိတ်ကြားလိုက်ပြီ


ဧပြီ ၁ ရက် ကျင်းပတော့မည့် ကြားဖြတ် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာ ရန် အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ လေ့လာ စောင့်ကြည့်သူများအား မြန်မာအစိုးရက ဖိတ်ကြားလိုက်ပြီဟု အစိုးရအရာရှိ တစ်ဦးက မတ်လ ၂၁ ရက်နေ့တွင် ပြောကြားသည်။
၎င်းတို့သည် မြန်မာ့အိမ်နီးချင်းနိုင်ငံ များဖြစ်သော ဒေသတွင်း အာဆီယံ နိုင်ငံများမှ လေ့လာသူ ၂၄ ဦးခန့်နှင့်အတူ ပူးပေါင်း လေ့လာကြမည်ဖြစ်သည်။
"ဒီလေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ အာဆီယံ၊ အီးယူ၊ ယူအက်စ်နဲ့ ယူအင်န် ပူးတွဲလေ့လာရေးအဖွဲ့လို ဖြစ်ပါလိမ့် မယ်"ဟု အမည် မဖော်လိုသော အရာရှိ က အေအက်ဖ်ပီကို ပြောသည်။
"မြန်မာနိုင်ငံထဲမှာ ရောက်နေပြီးသား လူတွေကိုပဲ လွှတ်မလား၊ ဒါမှမဟုတ် ပြည်ပက သတ်သတ်ထပ်လွှတ်မလား ဆိုတာကတော့ သက်ဆိုင်ရာနိုင်ငံ အသီးသီးရဲ့ သဘောပါပဲ"ဟု ပြောပြီး ဧပြီလ ၁ ရက် ရွေးကောက်ပွဲအတွက် လေ့လာသူအရေအတွက် မည်မျှခွင့်ပြု မည်ဆိုသည်ကိုတော့ အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမပြုချေ။
နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ အတွက် ပါဝင်ယှဉ်ပြိုင်မည့် အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲသည် စစ်တပ်၏ အုပ်စိုးမှု အဆုံးသတ်ပြီး တစ်နှစ်အကြာ တွင် အစိုးရလုပ်ဆောင်နေသော ပြုပြင် ပြောင်းလဲရေး၏ ယုံကြည်စိတ်ချရမှုကို အဓိက စမ်းသပ်ချက်အဖြစ် ကမ္ဘာက ရှုမြင်ပြီး အနီးကပ်စောင့်ကြည့်နေကြ သည်။
ရွေးကောက်ပွဲအား နိုင်ငံတကာ မှ လေ့လာစောင့်ကြည့်ရေးကို ခွင့်ပြု သည့် မြန်မာအစိုးရ၏လုပ်ဆောင်ချက် ကို ရန်ကုန်ရှိ အမေရိကန်သံရုံးက ကြိုဆို လိုက်သည်။
"အစိုးရက ဒီလိုလုပ်ဆောင်လိုက်တာ အလွန်အားတက်စရာကောင်းပါတယ်။ ဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ရွေးကောက်ပွဲတွေဟာ သိပ် အရေးပါတယ်လို့ ကျွန်တော်တို့ သဘော ထားတာ ရှင်းပါတယ်"ဟု သံရုံး ပြောခွင့်ရ Mile Quinlan က ပြောသည်။
သို့သော် မဲထည့်ရေးလုပ်ငန်းစဉ်တွင် မူမမှန်မှုများတွေ့ရှိနေရသည်ဟူသော သတင်းများ ခြိမ်းခြောက်မှုများရှိနေ သည်ဟူသော သတင်းများထွက်ပေါ် နေခြင်းကိုလည်း ဖြေရှင်းဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ၎င်းကပြော သည်။
"လေ့လာစောင့်ကြည့်သူတွေ ခွင့်ပြု တာကတော့ တိုးတက်မှုတစ်ခုပေါ့။ ဒါပေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာက အကြမ်း ဖက်မှု၊ ခြိမ်းခြောက်မှုတွေမရှိသင့်ပါ ဘူး" ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံခြားမှ လေ့လာသူများကို ခွင့်မပြုခဲ့ချေ။
အနောက်နိုင်ငံများကလည်း အရေခြုံ အယောင်ဆောင်ရွေးကောက်ပွဲဟု သဘောထားခဲ့ကြသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com