NLD ပါတီ၏ ရန်ပုံငွေဈေးရောင်းပွဲတော်တစ်ခုကို မတ်လ(၂၂)ရက်နေ့ ညနေပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်း၊ NLD အောင်နိုင်ရေးရုံးရှေ့တွင်ပြု လုပ်သည်။
ယင်းဈေးရောင်းပွဲတော်တွင် စားသောက်ဖွယ်ရာများ၊ ပင်နီအကျီများ၊ NLD တံဆပ်ပါ အကျီများနှင့်အခြားအမှတ်တရပစ္စည်းများကိုရောင်းချနေပြီး ကြည့်ရှုဝယ်ယူသူ များဖြင့် စည်ကားလျက်ရှိသည်။ထို့နောက် ညပိုင်းတွင်လည်း နာမည်ကြီးအဆိုတော်များပါဝင်သီဆိုကြမည့် အခမဲ့ စင်တင်ဂီတဖျော်ဖြေပွဲကိုလည်း ဆက်လက်ကျင်းပဦး မည်ဟု သိရသည်။ယနေ့ နေ့လည်တစ်နာရီခန့်ကစတင်၍ ယင်းမြို့နယ်တွင် အရွေးခံမည့် NLD ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းကလည်း စည်းရုံးရေးကိစ္စရပ် များ ဆောင်ရွက်နေကြောင်းသိရသည်။













0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်