ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, March 24, 2012

ကုသိုလ်ဖြစ် ဆေးရုံများစွာ ပေါ်ပေါက်ရန်လို


ဆင်းရဲနွမ်းပါးသည့် အောက်ခြေလူတန်းစားများအတွက် ကုသိုလ်ဖြစ်ဆေးရုံ၊ ဆေးခန်းများ အမြောက်အမြား ပေါ်ပေါက်စေချင်ကြောင်း၊ အရိုးရောဂါကုဆရာဝန် ဦးသောင်းလှမြင့်က ပြောသည်။
”ဆင်းရဲနွမ်းပါးတဲ့သူတွေက ဆေးရုံကြီးတွေမှာ သိပ်မသုံးနိုင်ကြဘူး။ ဒီတော့စရိတ်သက်သာမယ့် ဆေးခန်းလေးတွေကို တတ်နိုင်တဲ့သူတွေက ဖွင့်ပေးနိုင်ရင် ကောင်း မယ်။ နိုင်ငံခြားက Ph.D တွေမထိုင်နိုင်ရင်တောင်မှ ပြည်တွင်းက ဘွဲ့လွန်ရထားတဲ့ ဆရာဝန်တွေ ထိုင်ပေးမယ်ဆိုရင် သူတို့အနေနဲ့ စရိတ်လည်း သက်သာမယ်။ ထိရောက်အောင်လည်း ကုသနိုင်မှာပေါ့လေ။ ဒါမှလည်း လူထုရဲ့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက ကူညီရာ ရောက်မှာပေါ့”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
မြန်မာနိုင်ငံတွင် ကုသိုလ်ဖြစ် ဆေးရုံ၊ ဆေးခန်းများမှာ အလွန်နည်းပါးနေသေးပြီး၊ လက်ချိုးရေတွက်၍ပင် ရကြောင်း ၄င်းက ဆက်လက်ပြောသည်။
”ရောဂါဖြစ်ရင် ကျွန်မတို့မှာ ဆေးရုံ၊ ဆေးခန်းသွားမပြနိုင်ဘူး။ ဆေးဖိုးဝါးခက ကျွန်မတို့ဝင်ငွေရဲ့ တစ်လစာလောက် ရှိတယ်။ ဒီတော့ ရောဂါဖြစ်မှာတောင် ကြောက်နေ တယ်။ ဖြစ်ရင်လည်းအလွယ်တကူ စပ်ဆေးပဲသောက်တယ်။ ကုသိုလ်ဖြစ် ဆေးခန်းတွေသာ တကယ်ကို များများပေါ်ပေါက်လာမယ်ဆိုရင် တော့ ကျွန်မတို့လိုလက်လုပ် လက် စားသမားတွေ၊ ဝင်ငွေအရနည်းတဲ့ ဝန်ထမ်းတွေအတွက်အဆင်ပြေ တာပေါ့”ဟု  ဒေါပုံမြို့နယ်မှအသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ရပ်ကွက်မြို့နယ် အသီးသီးတွင် လူလတ်တန်းစားများ စရိတ်သက် သက်သာသာနှင့် ကုသနိုင်မည့် ဆေးရုံ၊ ဆေးခန်းများပေါ်ပေါက်လာ နိုင်ပါက လူနာများအတွက် ပိုမို အပြေလာမည်ဖြစ်ကြောင်း သုခကုသိုလ်ဖြစ် ဆေးခန်းမှ တာဝန်ခံမမိုးမိုးကြည်က ပြောသည်။
”အစ်မတို့ဆေးခန်းမှာဆိုရင်တော့ နယ်က လူတွေအပြများတယ်။ ဆေးခန်းမှာက လုပ်ပေးနိုင်တာနဲ့ လာပြတဲ့လူနာဦးရေက မမျှဘူးဖြစ်နေတယ်။ ဆရာဝန် တစ်ယောက် တစ်နေ့ကို အယောက် ၂ဝ လောက်ပဲသတ်မှတ်ပေးထားပေမယ့် တကယ်လာပြတဲ့ဦးရေက အယောက် ၄ဝ လောက်ကို ဖြစ်နေတယ်။ အဓိကကျတာကတော့ ဒီလို ကုသိုလ်ဖြစ် ဆေးရုံ၊ ဆေးခန်းဖွင့်ဖို့ဆိုတာက လူမှုရေးစိတ်ဓာတ်နဲ့ ရန်ပုံငွေပါပဲ။ တကယ့်စိတ်ရင်းနဲ့ လုပ်ပေးနိုင်တဲ့ သူတွေရှိပြီး ကုသိုလ်ဖြစ်ဆေးခန်း၊ ဆေးရုံတွေသာ များများ ပေါ်လာနိုင်မယ်ဆိုရင် ပိုကောင်းလာမယ်လို့ မြင် ပါတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
ချစ်ဆုဆွေ

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com