ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, March 23, 2012

ဘိုးဘွားရိပ်သာ နဲ့ စိတ်ကျန်းမာရေး ဆေးရုံမှာ မွေးနေ့ အကြိုအဖြစ် လှူဒါန်းခဲ့တဲ့ ချစ်စနိုးဦး

 ချစ်စနိုးဦးက မတ်လ ၁၆ ရက်မှာ ကျရောက်တဲ့ မွေးနေ့ အတွက် မွေးနေ့အကြို အလှူအဖြစ် မတ်လ ၁၄ရက်နေ့က ဘိုးဘွား ရိပ်သာနဲ့ စိတ်ကျန်းမာရေး ဆေးရုံမှာ အလှူငွေ နဲ့ အဝတ်အစား များကို လှူဒါန်းခဲ့ပါတယ်။ မွေးနေ့မှာတော့ ချောက်မြို့မှာ ဖျော်ဖြေရေး အဖြစ် ရောက်နေတာ ဖြစ်တဲ့အတွက် အကြို လှူဒါန်း ဖြစ်ခဲ့တာလို့ ဆိုပါ တယ်။
“မွေးနေ့က ချောက်မြို့မှာ ဆိုတော့ ရန်ကုန်မှာ ရှိတဲ့ရက်ကို မွေးနေ့အကြို လှူလိုက်တာပါ။ မွေးနေ့ ညဘက်ကိုတော့ သူငယ်ချင်းတွေနဲ့ မုန့်သွား စားဖြစ်တယ်။ထွေထွေ ထူးထူး တော့  မလုပ်ဖြစ်ဘူး။ အရင်နှစ်တွေကဆို ဘာမှ မလုပ်ဖြစ်တာ။ ဒီနှစ် သူငယ်ချင်းတွေနဲ့ အပြင် ထွက်ချင်တာနဲ့ လုပ်ဖြစ် တာပါ” လို့ ချစ်စနိုးဦးက ပြောပါတယ်။
ချောက်မြို့မှာ ၂ ရက် ဖျော်ဖြေခဲ့တဲ့ ချစ်စနိုးဦး ကမွေးနေ့မှာ သီချင်း ဆိုခဲ့ရတဲ့ အတွက်  အမှတ်တရ ဖြစ်ပေမယ့် မိသားစုတွေနဲ့ အတူ ရှိချင်ခဲ့တာလို့ ဆိုတာကြောင့်…
” မွေးနေ့ကို အိမ်မှာ မိသားစုတွေ နဲ့အတူ ပွဲလေးတစ်ခု လုပ်ချင်တာ။ ဒါပေမဲ့ အလုပ်က ကိုယ်လုပ်နိုင်တဲ့ အချိန် လုပ်ရတာပေါ့။ ကိုယ်သွားတဲ့ အချိန် ပရိသတ်တွေနဲ့ အတူတူ မွေးနေ့မှာ ပျော်ရတာပေါ့။ မွေးနေ့မှာ  ပရိသတ်တွေနဲ့ အမှတ်တရ ရှိနေတာပါ။ မွေးနေ့ဆို ရန်ကုန် မှာပဲ ရှိတာများတော့ အိမ်မှာ ညဘက် မိသားစု တွေနဲ့ အပြင်ကို တစ်ခုခု သွားစားတာ။ အခု တော့ နယ်မှာ ဖြစ်သွားတာပေါ့” လို့ပြောပြပါတယ်။
ချစ်စနိုးဦးက ၁၈ ရက်နေ့မှာ ပြန်ရောက်တာ ဖြစ်ပြီး နယ်ရှိုးတွေ ဆက်တိုက် ဆိုဖို့ရှိတယ် လို့ပြောပြပါတယ်။
မေမွန်မောင်

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com