ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, March 23, 2012

အများကောင်းကျိုးလုပ်ဆောင်ကြတဲ့အခါ ယောက်ျား၊မိန်းမ ခွဲခြားတာထက် လူသားတစ်ယောက် အဖြစ်နဲ့ပဲ မြင်တာ ပိုကောင်းတယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုနဲ့တွေ့ဆုံခြင်း

အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ဧပြီ ၁ ရက်နေ့ကလည်း တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပါတယ်။ နီးကပ်လာတာနဲ့ အမျှလည်း ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း ဧပြီ ၁ရက်နဲ့ ပတ်သက်ပြီး ရင်ခုန်နေကြပါပြီ။ ဒါကြောင့်လည်း ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုကို ပွဲတစ်ပွဲမှာတွေ့ ဆုံခိုက် အနုပညာရေးရာများနဲ့ အတူ ဧပြီ ၁ ရက်နေ့ကြားဖြတ် ရွေးကောက်ပွဲအကြောင်းများကို အခုလိုအင်တာဗျူး ဖြစ်ခဲ့ပါတယ်။
အခုအချိန်မှာ ပရိသတ်တွေ စိတ်အဝင်စားဆုံး သတင်းတွေကိုပြောပါ ဆိုရင်တော့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေပါပဲ။ ဥပမာ- အမျိုးသမီးတွေစုပြီး ဆိုကြ တဲ့သီချင်း၊ အမျိုးသမီးတွေ ဦးဆောင်ပြီး လုပ်ကြတဲ့ပွဲတွေပေါ့။ အစ်မအနေနဲ့ကော အနုပညာရှင်အမျိုးသမီး တစ်ယောက်အနေနဲ့ ဘာတွေလုပ်ပြချင်စိတ် ဖြစ်ပေါ်နေပါ သလဲ။
အစ်မအနေနဲ့စပြီး ဦးဆောင်ပြီး လုပ်တာမျိုးတော့ ဘာမှအစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့ အစ်မပါဝင်ချင်စိတ်တော့ အပြည့်အဝ ရှိပါတယ်။ အခုချိန်မှာတော့ ဝိုင်းပြီး ကြိုးစားနေကြတဲ့ အနေအထားပေါ့။ အဲဒီတော့အစ်မတို့အနေနဲ့ ဘာအရေးကြီးဆုံးလဲဆိုရင် ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် တကယ်ကိုရှေ့ ထွက်တော့မယ်ဆို ရင် ရှေ့ထွက်နိုင်တဲ့ အရည်အချင်းမျိုးတွေ လိုပါတယ်။ ဒါတွေကို အရင်ဆုံးဖြည့်ကြရမယ်လို့ အစ်မ အကြံပေးချင်ပါတယ်။
အရင်တုန်းကတော့ မိန်းမတွေဆိုတာ ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေးရဖို့ နည်းခဲ့ပါတယ်။ အခုအချိန်မှာတော့ မိန်းမတွေအနေနဲ့ ယောက်ျားတွေ နည်းတူ စွမ်းဆောင်နေကြတာကိုလည်း တွေ့လာရတယ်။ ဒီအပေါ်မှာ အမျိုးသမီးတွေကိုယ်စား အစ်မဘာပြောချင်ပါသလဲ။
အစ်မတို့က မြန်မာ့ယဉ်ကျေးမှုနဲ့ ကြည့်ရင် ရိုသေမှုက သက်သက်ပေါ့။ ဒါပေမဲ့ အများကောင်းကျိုး၊ ကိုယ့်ကောင်းကျိုး လုပ်ဆောင်ကြတဲ့နေရာ မှာကျတော့ ယောက်ျား၊ မိန်းမခွဲခြားတာထက် လူသားတစ်ယောက် အဖြစ်နဲ့ပဲမြင်တာက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ လူသားတစ်ယောက် အနေနဲ့ သူ့ရဲ့အရည်အချင်းပေါ့။
ဧပြီလ ၁ ရက်နေ့ကလည်း တဖြည်းဖြည်းနဲ့ နီးလာပါပြီ။ ပြောရရင် ပြည်သူတွေ မဲပေးရတော့မယ်ပေါ့။ ကိုယ့်ရဲ့မဲတစ်မဲဟာ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို အစ်မအနေနဲ့ ပြည်သူတွေကို ဘယ်လို အကြို Message ပေးချင်ပါသလဲ။
ဆက်လက်ဖော်ပြပါမည်
လင်းအက္ခရာ

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com