ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, March 25, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် The Voice Journal ပါ ဆောင်းပါးတစ်ခုတွင် သတိပေးထား


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် The Voice Journal ပါ ဆောင်းပါးတစ်ခုတွင် သတိပေးထားသည်ကို တွေ့ရှိရသည်။

မတ် ၂၆- ဧပြီ ၁၊ ၂၀၁၂ ရက်စွဲပါ The Voice Journal အတွဲ ၈၊ အမှတ် ၁၅ ၏ စာမျက်နှာ ၃၄ တွင် ဖော်ပြထားသော ဆောင်းပါးရှင် ပေါ်လင်းဦး၏ "ဓားမလည်း မဆုံး၊ ဖွတ်လည်းရ" ဆောင်းပါးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အပေါ်သတိပေးထားသည်ကို တွေ့ရှိ ရခြင်းဖြစ်သည်။

ဆောင်းပါးရှင် ပေါ်လင်းဦးက "အန်အယ်လ်ဒီအနေဖြင့် ယခုအချိန်တွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စာလျှင် တပ်မတော် နှင့် ယုံကြည်မှု တည်ဆောက်ရေးကို ဦးစားပေးသင့်သော အချိန်ဖြစ်ပါသည်။ တပ်မတော်နှင့် ယုံကြည်မှု တည်ဆောက်ခြင်း အတိုင်းအတာ တစ်ခုရောက်လျှင် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာ ယခုအခြေအနေထက် လွယ်ကူစွာ ဖြစ်လာနိုင်စရာ ရှိပါသည်။ ကျွဲကူးရေပါကိစ္စပင် ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ယခုအချိန်တွင်မူ ရလဒ် မသေချာလွန်းသည့် စွန့်စားမှုကို ရှောင်ကြဉ်သင့်ပါသေးသည်"ဟု သတိပေးမှတ်ချက်ပြုထားသည်။

ထို့အပြင် "ယခုအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးမိပါက ပြင်ဆင်ခွင့်ရနိုင်စရာ အခြေအနေ အလွန်နည်းပါးလှသည့်အပြင် တပ်မတော်နှင့် ယုံကြည်မှု တည်ဆောက်ခြင်းကိုပါ ထိခိုက်သွားနိုင်သည် ဖြစ်ရာ 'ဖွတ်မရ၊ ဓားမဆုံး' ရသည့် အဖြစ်နှင့် ပိုနီးစပ်နေပါသည်"ဟု ဆောင်းပါးရှင် ပေါ်လင်းဦးက သတိပေးခဲ့သည်။
ဖန်ခွက်အောက်ခြေရှိ အမှုန်အမွှား၊ အနည်တို့ကို ဖယ်ထုတ်လို၍ ဖန်ခွက်ထဲရှိ ရေအားလုံးကို သွန်ပစ်မိလိုက်သည့်အဖြစ်မျိုး မဖြစ်စေရန် လိုပါသည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။
ဆောင်းပါးရှင်က "အန်အယ်လ်ဒီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟုဆိုရာတွင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်နေခြင်းကို အဓိကထားဆိုလိုဟန် ရှိ ပါသည်" ဟု ဆောင်းပါးတွင် သုံးသပ်ထားသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com