ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, May 29, 2012

 အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကြိုးဆွဲချ သေဆုံးမှု တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွား

အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ် တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်တွင် မေလ ၂၇ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ် အချိန်တိုက်ကြီးမြို့နယ် ရေတွင်းကုန်း ကျေးရွာအုပ်စု၊ မြွေဟောက်အင်း ကျေးရွာတွင် လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မ....(၁၁)နှစ်၊ မှီခို၊ မြွေဟောက် အင်းကျေးရွာ၊ တိုက်ကြီးမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ညနေ ၄ နာရီအချိန် ခြံချင်းကပ်လျက်ရှိ လူမနေသည့် အိမ်အတက်အဆင်းတွင် အမြင့် ၆ ပေခန့်ရှိ ထုပ်တန်း၌ မိန်းမ၀တ် အင်္ကျီအား လည်ပင်းတွင်ပတ်လျက် အရှည် ၇ ပေ ၆ လက်မ၊ လုံးပတ် လက်သန်းဝက်ခန့်ရှိ နှစ်ပင်လိမ်ကြိုး အား ကွင်းလျောချည်ကာ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရသည်။

ကြိုးဆွဲချသေဆုံးသည့် လက္ခဏာများမှလွဲ၍ ကျန်ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ဥက္ကံဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ဥက္ကံ ရဲစခန်း သေမှု သေခင်းအမှတ်စဉ် ၃/၂၀၁၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။


အမြင့် ၆ ပေခန့်ရှိ ထုပ်တန်း၌ မိန်းမ၀တ်အင်္ကျီအား လည်ပင်း တွင်ပတ်လျက် အရှည် ၇ ပေ ၆ လက်မ၊ လုံးပတ်လက်သန်း ၀က်ခန့်ရှိ နှစ်ပင်လိမ်ကြိုးအား ကွင်းလျောချည်ကာ ကြိုးဆွဲချသေ ဆုံးနေသည်ကို တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှုစစ် ဥက္ကံရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်အောင်မင်းက ''သေသွားတဲ့ ကောင်မလေးရဲ့အထက်မှာ ညီအစ်ကိုမောင်နှမ ခြောက်ယောက်ရှိတယ်။ စတုတ္ထမြောက် အစ်မဖြစ်သူရဲ့ တစ်လသားသမီးလေးကို သူ့ရဲ့ အမေကသူ့ထက် ပိုချစ်နေတယ်လို့ ထင်နေတာက တစ်ကြောင်း၊ ကျောင်းတက်ဖို့အတွက် သူ့ရဲ့အမေကို ကျောင်းဝတ်စုံနဲ့ ဖိနပ်ဝယ်ခိုင်းတော့ ငွေကြေးအဆင်မပြေလို့ ကျောင်းဝတ်စုံကိုပဲ ၀ယ်ပေးနိုင်ခဲ့တဲ့ အချက်ကတစ်ကြောင်း၊ သေဆုံးသူက စိတ်မချမ်းသာဖြစ်နေတဲ့သူ့ရဲ့ ကိစ္စတွေကို အပြင်လူတွေကို ထုတ်ဖော်မပြောဘဲ မိမိတစ်ဦးတည်း ကြိတ်မှိတ်တဲ့အခါ စိတ်ဖိစီးမှု များပြားလွန်းတဲ့အတွက်ကြောင့် တစ်ကြောင်း၊ သူက အငယ်ဆုံးသမီးဖြစ်တဲ့အတွက် အားလုံးရဲ့ အလိုလိုက်ထားတဲ့အခါမှာ သူစိတ် အလိုမကျတဲ့အချိန်တွေမှာ ဘယ်သူနဲ့မှ စကားပြောလေ့မရှိဘဲ စိတ်ကြီး တတ်တဲ့အကျင့် ရှိတဲ့အကြောင်း အရာတွေက သူ့ကိုယ်သူ သတ်သေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နိုင်တယ်လို့ စစ်ဆေးတွေ့ရှိရတယ်''ဟု သေဆုံးသွားသည်နှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့ပါသည်။

သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ''မနက်ပိုင်းမှာ ကျွန်မတို့တွေ သမီးနဲ့အတူ သရက်သီးခူးတယ်။ မွန်းတည့် ၁၂ နာရီမှာ ထမင်းစားနားတယ်။ မွန်းလွဲ ၂ နာရီအချိန်ထိတော့ အိမ်မှာ ရှိနေသေးတယ်။ ညနေ ၄ နာရီမှာ ခူးထားတဲ့ သရက်သီးတွေကို ဥက္ကံမြို့ပေါ်တက်ပြီးတော့ ရောင်းမယ်လို့ လုပ်တဲ့အခါမှာ ကလေးက မရှိတော့လို့ လိုက်ရှာတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်အပျက်မျိုးနဲ့ သေနေတာ တွေ့ရပါတယ်''ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com