ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, May 29, 2012

ရည်စားဖြစ်သူက ဓာတ်ဆီဖြင့် လောင်းပြီး မီးရှို့ခံရသူ နှစ်ရက်အကြာတွင် သေဆုံး



592
အခင်းဖြစ်ပွားရာ တိုက်ခန်းကိုတွေ့ရစဉ်
ရည်းစားဖြစ်သူကို အသင့်ယူဆောင်လာသည့် ဓာတ်ဆီဖြင့် လောင်း၍မီးရှို့ခဲ့သူ အမျိုးသားကိုဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းနှင့် မီးရှို့ခံရသူသည် နှစ်ရက်အကြာတွင် မေလ ၂၉ ရက် ညနေ ၃ နာရီ ၅၅ မိနစ်အချိန် တွင် သေဆုံးသွားကြောင်း သိရသည်။
၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့ ည ၆ နာရီအချိန် ကမာရွတ်မြို့နယ် ၃ ရပ်ကွက် လှည်းတန်း--လမ်း အမှတ်--- ၃ လွှာသို့ မ--- (၂၆ နှစ်)၏ ရည်းစားဖြစ်သူ စမ်းချောင်း မြို့နယ်တွင် နေထိုင်သူ မောင်---(၂၈နှစ်)ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦး စကားများစဉ် မောင်... (၂၈နှစ်) မှ အသင့်ယူဆောင်လာသော ရေသန့်ဘူးဖြင့် ထည့်ထားသည့် ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့မီးရှို့မှုကြောင့်  မ... (၂၆ နှစ်) တွင် ခန္ဓာကိုယ်အနှံ့အပြား မီးလောင်ဒဏ်ရာနှင့် ၎င်း၏ညီမဖြစ် သူ မ.....(၂၄ နှစ်)တွင် ခြေထောက် နှစ်ဖက်မီးလောင် ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသနေစဉ် မ--- အသက် (၂၆ နှစ်)မှာ သေဆုံးသွားခဲ့ ခြင်းဖြစ်သည်။
သေဆုံးသူမှာ ဆရာဝန်တစ်ဦး ဖြစ်ပြီး အဆိုပါတိုက်ခန်းတွင် ညီမ ဖြစ်သူနှင့်အတူ နေကြောင်းနှင့် ဓာတ်ဆီ လောင်းမီးရှို့သူမှာ သင်္ဘောသားတစ်ဦး ဖြစ်၍ မကြာသေးမီကမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ တစ်ဦး ဖြစ်ကြောင်း သေဆုံးသူ၏ သူငယ်ချင်းများထံမှ သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com