ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, May 31, 2012

သွေးပေါင်တက်သော သူများအတွက် သဘာဝ နည်းလမ်းများ


သွေးပေါင်ကျခြင်းသာမကဘဲ သင့်ကျန်းမာရေးအတွက် အထောက်အပံ့ ပေးနိုင်မယ့် သဘာဝနည်းလမ်းတွေ ရှိပါတယ်။ အာဟာရနဲ့ ဖြည့်စွက်စာစားခြင်း၊ တရားထိုင်ခြင်းနဲ့ တခြားလေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ
လေ့လာမှုတချို့အရ ကြက်သွန်ဖြူ ပမာဏအနည်းငယ် မှီဝဲတာဟာ အပေါ်သွေးဖိအားနဲ့ အောက်သွေးဖိအား နှစ်ခုစလုံး ထိန်းညှိပေးနိုင်တယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါပေမဲ့ တိကျသေချာတဲ့ ဆုံးဖြတ်မှုတော့ မလုပ်ရသေးပါဘူး။ လူတစ်ယောက်အတွက် တစ်နေ့ကို ကြက်သွန်ဖြူ 200 mg မှီဝဲသင့်တယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူကို သင်ဟင်းချက်ရာမှာ ထည့်သုံးနိုင်သလို ကြက်သွန်ဖြူ ဖြည့်စွက်ဆေးလုံးအဖြစ် ဝယ်ယူလို့ရနိုင်ပါတယ်။

ပိုတက်ဆီယမ်
ပိုတက်ဆီယမ်ဟာလည်း သွေးပေါင်ချိန်ကျခြင်းအတွက် အသုံးဝင်လှတဲ့ အာဟာရ တစ်မျိုးပဲ ဖြစ်ပါတယ်။ ပိုတက်စီယမ်ကို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကနေ ရနိုင်ပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု၊ အာရုံကြောစနစ် ဖွံ့ဖြိုးမှုနဲ့ ကြွက်သားအလုပ် လုပ်နိုင်စွမ်းရည်တွေ ကောင်းမွန်စေပါတယ်။ ပိုတက်စီယမ်ဓာတ်ပါဝင်တဲ့ အစားအစာတွေက ငှက်ပျောသီး၊ လိမ္မော်သီး၊ အာလူး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ စမုန်နက်တွေ ဖြစ်ပါတယ်။ ပိုတက်စီယမ် ဖြည့်စွက်စာမစားခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဆားလျှော့ပါ
အသင့်ပြုပြင်ထားတဲ့ အစားအစာတွေမှာတော့ ဆားဟာ ပမာဏများများ ပါဝင် နေတတ်ပါတယ်။ အသက် ၅၀ နှစ်အောက်တွေမှာ တစ်နေ့ကို ဆား 2300 mg လက်ဖက်ရည်ဇွန်း တစ်ဇွန်း စားသုံးနိုင်မယ့် အသက် ၅၀ အသက်အရွယ်တွေမှာတော့ တစ်နေ့ကို ဆား 1500 mg ပဲ စားသုံးသင့်ပါတယ်။ ဒါကြောင့် အသင့်စားသုံးနိုင်တဲ့ အစားအစာတွေ မဝယ်ခင် အညွှန်းမှာ ဆားဓာတ် မီလီဂရမ် ဘယ်လောက်ပမာဏ ပါတယ်ဆိုတာကို သေချာဖတ်ပြီးမှ ဝယ်ဖို့လိုပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် တွေ ရွေးဝယ်ပြီး စားဖို့မပြင်ဆင်မီ ရေစင်အောင် ဆေးကြောပါ။

တရားထိုင်ပါ
စိတ်ဖိစီးမှုတွေ များနေတာဟာလည်း နှလုံးရောဂါနဲ့ သွေးပေါင်တက်ခြင်းတွေ ဖြစ်နိုင်ခြေ များပါတယ်။ အသက်ရှူမှုကို ပုံမှန်ပြုလုပ်ရင်း ခန္ဓာကိုယ် ကြွက်သားနဲ့အကြောတွေကို ဖြေလျှော့ရင်း တရားထိုင်သလို လေ့ကျင့်ခန်းပြုလုပ်ပေးတာဟာ စိတ်နဲ့ ခန္ဓာကိုယ် လန်းဆန်းစေပါတယ်။ တစ်နေ့ကို နှစ်ကြိမ် မိနစ်အနည်းငယ် ပြုလုပ်ပေးသင့်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်ပြီး သက်သောင့်သက်သာဖြစ်ကာ ရွေးချယ်ပါ။ မျက်လုံးကို မှိတ်ထားပြီး အသက်ကို ပုံမှန်လေးရှူသွင်း၊ ရှူထုတ်ပြုလုပ်ပေးကာ စိတ်ကို ကြည်လင် အောင်ထားပါ။

လမ်းလျှောက်ပါ
လမ်းလျှောက်ခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းစေခြင်း၊ သွေးတွင်း ကိုလက်စထရော ကို လျှော့ချပေးနိုင်ခြင်း၊ စွမ်းအင်တွေ ပြည့်ဝစေခြင်း၊ ကောင်းစွာအိပ်ပျော်ခြင်းနဲ့ နှလုံးရောဂါ သက်သာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ သင့်မှာ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ပြဿနာတွေမရှိဘူးဆိုရင် အပြေးလေ့ကျင့်ခန်းနဲ့ ကြိုးခုန် လေ့ကျင့်ခန်းတွေပါ ပြုလုပ်သင့်ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ လမ်းလျှောက် ထွက်နိုင်ဖို့ ချိန်းဆိုပါ။ သင်နှစ်သက်စေမယ့်နေရာကို ရွေးချယ်ပါ။ လေ့ကျင့်ခန်းကို မနက်စောစောပိုင်းမှာ စတင်နိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ရေကူးခြင်း၊ ယောဂ ပြုလုပ်ခြင်းနဲ့ ထိုက်ချိကစားခြင်းတွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

Ref: Good Health
Copyright © 2009 MyanmarNewsZone
All Rights Reserved.

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com