ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, May 31, 2012

အနာကျက်နှုန်း မြန်အောင် ကူညီပေးမည့် အစားအသောက်များ


ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေချိန်မှာ အနာကျက်အောင် ကူညီပေးမယ့် အစားအစာတွေကို စားပေးသင့်ပါတယ်။

အိုင်အိုဒင်း မှီဝဲပါ

သိုင်းရွိုက်အဆင့် လျော့နည်းတာက ကိုယ်အလေးချိန်မြင့်တက်တာ၊ နှေးကွေး လေးလံတာနဲ့ ဒေါသထွက်လွယ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အိုင်အိုဒင်းက သိုင်းရွိုက်ဂလင်းအတွက် မရှိမဖြစ် အရေးပါပါတယ်။ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာ ကောင်းစေရေးအတွက် ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ဟာလည်း အရေးပါပါတယ်။ ဒါပေမဲ့ အိုင်အိုဒင်းကတော့ မရှိမဖြစ်ပါ။ အိုင်အိုဒင်းက လိုအပ်တာထက် ပိုများနေရင်လည်း ပြဿနာ ဖြစ်နိုင်ပါသေးတယ်။ အိုင်အိုဒင်း အသင့်အတင့်ရှိမှသာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး စွမ်းအင်ကို တိုးတက် ကောင်းမွန်စေပါတယ်။

ချင်း (ဂျင်း) စားပါ

ချင်း (ဂျင်း) ကို ဟင်းချက် အမွှေးအကြိုင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ ဒါပေမဲ့ ရှေးနှစ်ပေါင်းများစွာကတည်းက ချင်း (ဂျင်း) ကို အစာကြေစေတဲ့အရာလို့ တင်စားပြီး ဝမ်းဗိုက်မသက်မသာ မဖြစ်အောင် ကုသနိုင်တဲ့အရာအဖြစ် သုံးခဲ့ကြပါတယ်။ ချင်း (ဂျင်း) မှာ ပျို့ချင်အန်ချင်တဲ့ ဝေဒနာကို သက်သာစေတဲ့ အစွမ်းရှိတာကြောင့် အနာကျက်စေတဲ့အရာအဖြစ် သတ်မှတ်ကြတာပါ။

မှိုစားပါ

မှိုက ကောင်းတဲ့ ကိုလက်စထရောကို မြင့်တက်စေတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရ ရှီးတိတ်မှို (Shiitate) က ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစေပြီး ကင်ဆာကို ကာကွယ် တွန်းလှန်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ သူ့မှာ ပါဝင်တဲ့ လန်တီနင်ဓာတ်ကြောင့် ကင်ဆာအကျိတ် ကြီးထွားမှုကို နှေးစေတယ်လို့ ယုံကြည်ကြပါတယ်။

ကောင်းသောအဆီ စားပါ

အဆီတိုင်းက မကောင်းပေမယ့် ကောင်းတဲ့အဆီတွေတော့ ရှိပါတယ်။ မပြည့်ဝဆီတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကိုလည်း ကောင်းမွန်စေပါတယ်။ ကောင်းတဲ့အဆီတွေ မရှိရင် စိတ်ဓာတ်ကျစေနိုင်ပြီး ဝက်ခြံတွေလည်း ပေါက်စေနိုင်ပါတယ်။ ကောင်းတဲ့အဆီတွေက အဆီများတဲ့ ငါး၊ ထောပတ်သီး၊ သံလွင်ဆီနဲ့ အခွံမာတဲ့ အစေ့အဆန် (ဥပမာ- သီဟိုဠ်စေ့၊ မြေပဲစေ့) တွေထဲမှာ ပါဝင်ပါတယ်။

အကျိုးပြု ဘက်တီးရီးယားကို မှီဝဲပါ

အကျိုးပြု ဘက်တီးရီးယားတွေက ရောဂါကို တွန်းလှန်ပေးတာကြောင့် ခန္ဓာကိုယ်အတွက် အရေးတကြီး လိုအပ်နေပါတယ်။ အကျိုးပြု ဘက်တီးရီးယားတွေဟာ ဒိန်ချဉ်၊ ဂေါ်ဖီချဉ်နဲ့ ပဲပိစပ်လို အစားအသောက်တွေထဲမှာ ပါဝင်ပါတယ်။ အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ အစားအစာတွေက အူရောင်ရမ်းတဲ့ ရောဂါစု၊ အရေပြား ပိုးဝင်ကူးစက်မှုနဲ့ ကင်ဆာရောဂါ တချို့လို ရောဂါတွေကို ကုသရေးမှာ အသုံးဝင်ပါတယ်။ အကျိုးပြု ဘက်တီးရီးယားတွေက ဝမ်းပျက်ဝမ်းလျှောရောဂါကို ကုသဖို့နဲ့ ဆီးလမ်းကြောင်း တစ်လျှောက်မှာ  ပိုးဝင်ကူးစက်မှု မဖြစ်အောင် ကာကွယ်ဖို့ အသုံးဝင်ပါတယ်။

ကယ်လ်စီယမ် မှီဝဲပါ

ကြွပ်ဆတ်နေတဲ့ အရိုးနဲ့ ကျိုးနေတဲ့အရိုးတွေ အနာကျက်ဖို့အတွက် ကယ်လ်စီယမ်က အသုံးဝင်ပါတယ်။ ဗီတာမင်ဒီဟာ ခန္ဓာကိုယ်မှ ကယ်လ်စီယမ် စုပ်ယူရေးအတွက် အသုံးဝင်တာကြောင့် နှစ်မျိုးစလုံးဟာ အရိုးတွေကို အနာကျက်စေတဲ့ အရာတွေလို့ ဆိုနိုင်ပါတယ်။ ကယ်လ်စီယမ်ပါဝင်တဲ့ အစားအသောက်တွေက ဒိန်ချဉ်၊ နွားနို့စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင် ဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ပဲတွေ ဖြစ်ပါတယ်။ ဗီတာမင်ဒီကိုတော့ ဥ အမျိုးမျိုး၊ အဆီများတဲ့ ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေ ရယူနိုင်ပါတယ်။

Tip!

အနာကျက်ဖြစ်စဉ် ကောင်းမွန်ရေး

ခန္ဓာကိုယ် အနာကျက်ဖို့နဲ့ ကျန်းမာရေးကောင်းမွန်စွာ အသက်ရှည်ဖို့အတွက် ဟန်ချက်မျှတမှု လိုအပ်ပါတယ်။ အစားအသောက်ကို အလွန်အမင်း လျှော့ချတာမျိုးမလုပ်ပါနဲ့။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို အသင့်အတင့် စားပေးတာက နာမကျန်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အနာကျက်တဲ့ ဖြစ်စဉ်ကို တိုးတက် ကောင်းမွန်စေပါတယ်။

ဇွန်
Ref: Good Health

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com