ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Monday, May 28, 2012

 တိုးမြတ်အောင် ဇာထိုးပန်းထိုးစက်ရုံမှ အထည်ချုပ်ကျွမ်းကျင် ပညာရှင် ထိုင်ဝမ်နိုင်ငံသားက စက်ရုံမှ အမျိုးသမီး အလုပ်သမားသုံးဦးအား ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သည့်အတွက် အမှုဖွင့်ထား



73414
တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံကိုတွေ့ရစဉ်
လှိုင်သာယာမြို့နယ် စက်မှုဇုန်(၄) ရှိ တိုးမြတ်အောင် ဇာထိုးပန်းထိုးစက်ရုံမှ အထည်ချုပ် ကျွမ်းကျင်ပညာရှင် ထိုင်ဝမ်နိုင်ငံသားတစ်ဦးက ကြိုပို့ယာဉ်ဖြင့် ရောက်ရှိလာသည့် အဆိုပါစက်ရုံမှ ၀န်ထမ်းများအား ကားပေါ်မှ မဆင်းရန်တားမြစ်ရာမှ တစ်ယောက်တစ်ခွန်း စကားများပြီး အမျိုးသမီးအလုပ်သမား သုံးဦးကို နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့၍ အမျိုးသမီး အလုပ်သမားများက တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မေလ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန် မ...(၂၅)နှစ်၊ တိုးမြတ်အောင် ဇာထိုး ပန်းထိုးစက်ရုံ အလုပ်သမ ထန်းတပင်မြို့နယ်နေသူသည် သူငယ်ချင်းများဖြစ်သူ မ...(၂၃)နှစ်၊ မ.....(၁၉) နှစ်၊ တိုးမြတ်အောင်ဇာထိုးပန်းထိုး စက်ရုံအလုပ်သမ ထန်းတပင်မြို့နယ် နေသူတို့နှင့်အတူ စက်ရုံကြိုပို့ယာဉ်  ၅က/........ ဘီအမ်ကားဖြင့် ထန်းတပင်မြို့နယ် စန္ဒယော်ကျေးရွာ ကားမှတ်တိုင်မှစီးလာရာ လှိုင်သာယာမြို့ နယ်မီးခွက်ဈေး ကားမှတ်တိုင်အရောက် တွင် ကားရပ်၍ ကားပေါ်မှ ဆင်းရန် ပြင်ဆင်နေစဉ် အဆိုပါ ကားမှတ်တိုင်မှ ကြိုတင်စောင့်နေသည့် တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံမှအထည် ချုပ်ကျွမ်းကျင်ပညာရှင် ထိုင်ဝမ်နိုင်ငံသား Mr. CHANG SHIH CHANG (၄၄)နှစ်က ကားပေါ်မှမဆင်းရန် တားမြစ်ရာမှ တစ်ယောက် တစ်ခွန်းစကားများပြီး Mr. CHANG SHIH CHANG မှ မ...  (၂၅)နှစ် အား ရင်ဘတ်ဆောင့်တွန်းပြီး ခါးမှ ကိုင်ကာ ဆွဲဆောင့်လိုက်ခြင်းကြောင့် ခါး/ရင်ဘတ်နာကျင်ဒဏ်ရရှိသည့် အပြင် ကားပေါ်မှဆင်းရန်ပြင်သူ မ..... (၂၃)နှစ်အား ရင်ဘတ်ဆောင့်တွန်းခြင်းကြောင့် ရင်ဘတ်နာကျင် ဒဏ်ရာ၊ မ...(၁၉)နှစ်အား ပါးရိုက် ခြင်းကြောင့် ယာပါးနာကျင်ဒဏ်ရာ အသီးသီးရရှိပြီး လှိုင်သာယာဆေးရုံ ၌ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း သိရသည်။
ယင်းကဲ့သို့ကုသရခြင်းကြောင့် Mr. CHANG SHIH CHANG အပေါ် အရေးယူပေးရန် မ... မှ တရားလိုပြုလုပ် တိုင်တန်းမှုအား လှိုင်သာယာရဲစခန်း(ပ)၅၄၁/၂၀၁၂၊ ပုဒ်မ၃၅၄/၃၂၃ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
ပါးရိုက်ခံရသူ မစိုးစိုးသန်းက “ကျွန်မတို့က စန္ဒယော်ကျေးရွာကပါ။ မနက် ၆ နာရီလောက်မှာ ကျွန်မတို့ ကို လာကြိုတဲ့ ဖယ်ရီကားက ရုံးထဲကို တန်းဝင်သွားတယ်။ ကားပေါ်ကနေ ဘယ်သူမှ မဆင်းနဲ့လို့ပြောတယ်။ ကျွန်မတို့လည်း ဘယ်လိုလုပ်ရမှန်း မသိဘူး။ အဲဒီမှာ ကျွန်မတို့က နောက်ပေါက်ကနေ ဆင်းဖို့ကြိုးစားတယ်။ အဲဒီမှာ စက်ရုံမှူးရဲ့ လက်ထောက်လား ဘာလား မသိဘူး။ လူ ကိုတော့သိတယ်။ တရုတ်လူမျိုး။ ကျွန်မရင်ဘတ်ကို ဆွဲပြီးတော့ ပါးကို ရိုက်တယ်။ နှစ်ယောက်ကိုလည်း နင်းထားတယ်။ ကျွန်မရယ်၊ မမြင့်မြင့်အေးရယ်၊ မဖြူနှင်းရယ် ကိုယ်ထိလက်ရောက် စော်ကားခံရတယ်။ ကားဂိတ်က လူတွေလည်းမြင်တယ်။ ဆိုက်ကားသမားတွေလည်းမြင်တယ်။ ကျွန်မတို့ ရဲစခန်းမှာ အမှုသွားဖွင့် ထားပါတယ် “ ဟုပြောကြားခဲ့သည်။
“သူက ကျွန်မကိုကျတော့ ဆောင့်တွန်းလိုက်တာ။ ကျွန်မ လဲကျသွားတယ်။ ပြန်ထမယ်လုပ်တော့ နောက်ကထိုင်ခုံနဲ့ ဆောင့်တွန်းတာပါ “ ဟု နာကျင်ဒဏ်ရာရရှိခဲ့သူ မမြင့်မြင့်အေးက ပြောပြခဲ့သည်။
အဆိုပါစက်ရုံမှ အလုပ်သမ ၅၀၀ ၀န်းကျင်ခန့်တို့မှာ ၂၀၁၂ ခုနှစ် မေလ ၂၂ရက်နေ့မှစတင်ကာအခြေခံ လစာနည်းပါးမှုနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုပြုလုပ်ပြီး နောက်တစ်နေ့တွင် အထက်ပါဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com