ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Monday, May 28, 2012

 ‘Nargis When Time Stopped Breathing’ ဇာတ်ကား ရုပ်ရှင်ပွဲတော်များတွင် ဆုများရရှိ


e7341
မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခတ်မှုအပြီးတွင် မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ဧရာဝတီတိုင်းရှိ ရွာများသို့ သွားရောက်ကာပုံဖော် ရိုက်ကူးထားသည့် ‘Nargis When Time Stopped Breathing’ မှတ်တမ်းရုပ်ရှင် ဇာတ်ကားကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသခဲ့ကာ ဆုများလည်း ဆွတ်ခူးရရှိခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါဇာတ်ကားကို ၂၀၁၀ ပြည့်နှစ်တွင် အပြီးသတ်ဖန်တီးနိုင် ခဲ့ပြီးနောက် နိုင်ငံတကာ ရုပ်ရှင်ပွဲ တော်များတွင်ပြသနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်တမ်း ရုပ်ရှင်ဇာတ်ကားတွင် နာဂစ်မုန်တိုင်း စတင်ချိန်မှ စတင်၍ တစ်လပြည့်ဆွမ်းကပ်ချိန် အထိကြားကာလတွင် မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ဧရာဝတီတိုင်းအတွင်းရှိ ရွာများသို့သွားရောက်ကာ မုန်တိုင်းပြီးမြင်ကွင်းများ၊ အကူအညီလိုအပ်နေမှုများ၊ ဆင်းရဲဒုက္ခ ကြုံတွေ့ရမှုများ၊ မိသားစုများနှင့် ခွဲခွာခဲ့ရသူများကို အင်တာဗျူးပုံစံ အဖြစ်ရော၊ ၎င်းတို့လှုပ်ရှား ရုန်းကန်ရမှုဘ၀များကိုပါ ရိုက်ကူးတင်ပြထားခြင်းဖြစ်သည်။ လုံလောက်သည့် ကူညီကယ်ဆယ်မှုများ အချိန်မီ ရောက်ရှိမလာခြင်းကြောင့် ကိုယ့်အားကိုယ်ကိုးကာ ရှေ့ဆက်ရပ်တည်နိုင်ရန် ကြိုးပမ်းရသည်များကိုလည်း ရိုက်ကူးတင်ပြထားသည်။
ယင်းမှတ်တမ်း ဇာတ်လမ်းကို ရိုက်ကူးသူ ဒါရိုက်တာသည်မော်နိုင်သည် ပြည်တွင်းတွင်လည်း ၂၀၁၂ ခုနှစ်စက်တင်ဘာလတွင် ၀သန်ရုပ်ရှင်ပွဲတော်၌ ပြသရန် စီစဉ်ထားကာ ‘မင်္ဂလာပါဒီမိုကရေစီ’ ရုပ်ရှင်ပွဲတော်တွင်လည်း ပြသရန် စီစဉ်ထားသည်ဟု သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com