ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 20, 2012

နည်းပညာတက္ကသိုလ်များ၌ ယခင်က အင်ဂျင်နီယာဘွဲ့(B.E) ရရှိရန် ငါးနှစ်သင်ကြားခဲ့ရရာမှ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ပြီး ခြောက်နှစ် သင်ကြားရမည်ဟု သိရ


ရန်ကုန်နည်းပညာတက္ကသိုလ်အား တွေ့ရစဉ်
မြန်မာတစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်ကျောင်းများ၌ ယခင်က အင်ဂျင်နီယာဘွဲ့(B.E) ရရှိရန် ငါးနှစ် သင်ကြားခဲ့ရရာမှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်ပြီး ငါးနှစ်အစား ခြောက်နှစ် ပြန်လည် သင်ကြားရမည်ဖြစ်ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ် အသိုင်းအ၀ိုင်းမှ ရရှိသော သတင်းများအရ သိရှိရသည်။
နည်းပညာတက္ကသိုလ် ကျောင်းများ၌ B.E ဘွဲ့ရရန် ခြောက်နှစ် ပြန်လည်သင်ကြားရမည်ဖြစ်ကြောင်းကို ''တစ်နိုင်ငံလုံးမှာရှိတဲ့ နည်းပညာတက္ကသိုလ်တွေမှာ B.E ဘွဲ့ရဖို့အတွက် ငါးနှစ်သင်ကြားရတယ်။ အခုတော့ ငါးနှစ်အစား ခြောက်နှစ်သင်ကြားဖို့ကို သက်ဆိုင်ရာ ၀န်ကြီးဌာနက ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒီနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ ကလေးတွေ နည်းပညာတက္ကသိုလ် စတက်ပြီဆိုရင် ခြောက်နှစ် ပညာရေးစနစ်ကို စတင်သင်ကြား ကြရမှာပါ''ဟုလည်း နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ သင်ကြားနိုင်ရေးအတွက် ဘာသာရပ်အလိုက် ထည့်သွင်းသင်ကြားရမည့် သင်ခန်းစာများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

''အခုဆိုရင် မေဂျာအလိုက် ထည့်သွင်းရမယ့် သင်ခန်းစာတွေကို ဆွေးနွေးနေပါပြီ။ အရင်တုန်းက နည်းပညာတက္ကသိုလ်တွေမှာ ခြောက်နှစ် သင်ကြားရတာပါ။ နောက်ပိုင်း ၂၀၀၀ ပြည့်နှစ် ၀န်းကျင်လောက်မှာ ခြောက်နှစ်အစား ငါးနှစ်သင်ကြားဖို့ လုပ်ခဲ့ကြတယ်။ AGTI အတွက် နှစ်နှစ်၊ B.Tech အတွက် နှစ်နှစ်၊ ပြီးမှ BE ဘွဲ့ရဖို့ တစ်နှစ်တက်ရတယ်။ အခုခြောက်နှစ် သင်ကြားမယ့်စနစ်အရ BE ဘွဲ့ရဖို့ နှစ်နှစ် တက်ရမှာပါ။ တချို့ကျောင်းတွေမှာ အင်ဂျင်နီယာဘာသာရပ် ၁၁ ခု သင်ကြားနိုင်ပေမယ့် တချို့ကျောင်းတွေမှာက မသင်နိုင်သေးဘူး။ အဲဒါတွေအတွက်ပါ ညှိနှိုင်းနေပါတယ်''ဟုလည်း နည်းပညာတက္ကသိုလ်(ရန်ကုန်)မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com