ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 20, 2012

ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ CDMA မိုဘိုင်းဖုန်းအားလုံး ကြိုတင်ငွေပေးချေစနစ်သို့ ပြောင်းလဲရမည်


ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ CDMA  မိုဘိုင်းဖုန်းအားလုံးကို ကြိုတင်ငွေပေးချေစနစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး Postpaid  စနစ်ဆက်လက် သုံးစွဲလိုပါကဖုန်းခေါ်ဆိုခများကို ဘဏ်များမှတစ်ဆင့် ပေးချေရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် CDMA-450 (09 85,09 86)စသည့် ဖုန်းများသာ ကြိုတင်ငွေပေးချေစနစ်သို့ ပြောင်းလဲခွင့်ပြုရန် ကျန်ရှိတော့ရာ ၎င်းဖုန်းအားလုံးကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကြိုတင်ငွေပေးချေစနစ် ပြောင်းလဲရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ကြိုတင်ငွေပေးချေစနစ်ပြောင်း လဲရန်ကျန်ရှိနေသည့် CDMA ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောင်းလဲခွင့်ပြုပြီးနောက်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ငွေလက်ခံကောင်တာများကို ပိတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
''ကြိုတင်ငွေပေးချေစနစ် ပြောင်းဖို့ရှိတဲ့ Post Paid CDMA ဖုန်းအလုံး ရေ ၁၆၀၀၀၀ ကို ဇူလိုင်လ ၁ ရက်နေ့မှာ ပြောင်းခွင့်ပေးမှာ ဖြစ်ပါတယ်။ ပြီးရင် ရန်ကုန်နဲ့ မန္တလေးမြို့မှာရှိတဲ့ ဖုန်းဘီလ် ဆောင်တဲ့ရုံးတွေကို ပိတ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့မှာရှိတဲ့ မိုဘိုင်းဖုန်းတွေအားလုံးက ဖုန်းခေါ်ဆိုခ ကျသင့်ငွေတွေကို သက်ဆိုင်ရာ ဘဏ်တွေကနေတစ်ဆင့် ပေးသွင်းရမှာ ဖြစ်ပါတယ်။ နယ်မြို့တွေမှာတော့ ဖုန်းငွေ လက်ခံဌာနတွေကို ဆက်လက် ထားရှိပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်နယ် မြို့တွေမှာရှိတဲ့ မိုဘိုင်းဖုန်းသုံးစွဲသူတွေကတော့ မိမိတို့ရဲ့ ဖုန်းတွကို ဇူလိုင်လ ၁ ရက်နေ့မှာ Pre Paid စနစ်ကို ပြောင်းချင်လဲ ပြောင်းနိုင်ပါတယ်။ မပြောင်းချင်လည်း ဖုန်ခေါ်ဆိုခကျသင့်ငွေကို ဖုန်းငွေလက်ခံကောင်တာတွေမှာပဲ ဆက် လက် ပေးသွင်းနိုင်ပါတယ်''ဟု တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

ကြိုတင်ငွေပေးချေစနစ် ပြောင်းလဲမည့်ဖုန်းများသို့ ကြိုတင်ထည့်သွင်းထားသည့် ကျပ်ငွေနှင့်  FEC လက်ကျန်များကို သက်ဆိုင်ရာ ဘဏ်များသို့ လွှဲပြောင်းပေးခြင်းနှင့် ပြန်လည်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com