ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 21, 2012

ရခိုင်ပြည်နယ်မှ ပျက်ဆီးဆုံးရှုံးမှုများ အတွက် ရခိုင်တိုင်းရင်းသား သရုပ်ဆောင်နေတိုးနှင့် မင်းသွေးမှ ငွေကျပ်သိန်း ၃၀ လှူဒါန်း

e5123
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများအတွက် သရုပ်ဆောင်နေတိုးနှင့် မင်းသွေးမှ ငွေကျပ်သိန်း ၃၀ ကို ရခိုင်ပြည်နယ်တွင် ဖွဲ့စည်းလိုက်သည့် အားမာန်အဖွဲ့နှင့် ရခိုင်အသင်းတို့သို့ လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။
“ဖြစ်ဖြစ်ချင်းအချိန်က ကျွန်တော်ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်ဖို့ ရောက်နေခဲ့တာပါ။ နေ့ရောညပါ ကားရိုက်ဝင်နေတဲ့အခါ ကျတော့ဖုန်း နဲ့လှမ်းပြောကြတဲ့ သတင်းလောက်ပဲ ကြားရပါတယ်။ အဲဒီကတည်းက ဆက်သွယ်လှူဒါန်းချင်ပေမယ့် စီစဉ်ဖို့လည်း အဆင်မပြေသေးတာနဲ့ မလုပ်ဖြစ်ခဲ့ပါဘူး။ အခု ရန်ကုန်ကို ပြန်ရောက်ရောက်ချင်းမှာပဲ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ကျပ်သိန်း ၃၀ လှူဒါန်းဖြစ်ပါတယ်။ စဖြစ်တယ်ဆိုပြီး ကြားတဲ့အချိန်ကတည်းက အရမ်းလည်း စိတ်မကောင်းဖြစ်ရပါတယ်။  ဘယ်ပြဿနာမဆို ပြေပြေလည်လည်နဲ့ပဲ ဖြေရှင်းကြစေချင်တာလေ။ အခု ရန်ကုန်ရောက်မှပဲ ဒီလောက် အပျက်အဆီး အဆုံးအရှုံးတွေ ရှိတယ်ဆိုတာ သေချာသိရတော့ တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် တတ်အားသရွေ့လှူဒါန်းဖြစ်တာပါ။ လိုအပ်နေတဲ့အရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ထပ်ပြီးတော့လည်း ကူညီလှူဒါန်းသွားမှာပါ။ အခုရင်ဆိုင်နေရတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့အခက်အခဲ၊ ဒုက္ခတွေ လည်း အမြန်ဆုံးပြေလည်ကြပါစေလို့ ဆုတောင်းပေးပါတယ်”ဟု သရုပ် ဆောင်နေတိုးက ပြောပြခဲ့သည်။
ပြေတီဦးက ငွေကျပ်သိန်း ၂၀၊ ဒါရိုက်တာဝိုင်းက ငွေကျပ် ၁၅ သိန်း မေတ္တာသင်္ဂဟအဖွဲ့က ငွေကျပ်သိန်း ၄၀ နှင့်ထောက်ပံ့ပစ္စည်း ကျပ်သိန်း ၂၀ တို့ကို ရခိုင်ကယ်ဆယ်ရေးစခန်း များသို့ လှူဒါန်းခဲ့ပြီးဖြစ်သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com