ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 21, 2012

 ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း ၁၂၀၀ ကျော် ရရှိပြီးဖြစ်ကြောင်း သိရ



e5124
ဗိုလ်ချုပ် ရုပ်ရှင်အတွက် မင်းသားဖိုးချစ်မှ အလှူငွေ ပေးအပ်လှူဒါန်းစဉ်

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များ၏ လှူဒါန်းမှုများမှ ကျပ်သိန်းပေါင်း ၁၂၀၀ ကျော် ရရှိပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
“ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် သီးသန့်အလှူငွေ ရရှိအောင် ပွဲလုပ်တာမျိုး မရှိပါဘူး။ ဒါရိုက်တာမောင်မျိုးမင်းစီစဉ်တဲ့ နှင်းဆီအငြိမ့် ဖျော်ဖြေပွဲက ရတဲ့ငွေတွေကို ဒီဇာတ်ကားအတွက် လှူမယ်ဆိုတာပဲ ရှိပါတယ်။ လက်ရှိ အချိန်ထိ ရရှိထားတဲ့ အလှူငွေကျပ် သိန်း ၁၂၀၀ ကျော်နဲ့ ဒေါ်လာ ၄၀၀၀ ကျော်က  ဒီရုပ်ရှင်အတွက် သီးသန့်လာလှူတဲ့ငွေတွေပါ။ ဒါကြောင့် ဒီနေ့ထိရရှိထားတဲ့ အလှူငွေတွေကို ဇာတ်ကားရိုက်ကူးရေးအတွက် ပြင်ဆင်ရတဲ့အပိုင်းတွေထဲက မသုံးမဖြစ် နေရာတွေမှာပဲ သုံးပါတယ်။  နောက်ပြီး ဒီနေ့အထိ ရရှိထားတဲ့ငွေနဲ့က ကျွန်တော်တို့ ရည်မှန်းထားတဲ့ နိုင်ငံတကာ အဆင့်မီရုပ်ရှင်ဇာတ်ကား တစ်ကားအတွက် လုံလောက်မှုတော့ မရှိသေးပါဘူး”ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးဇော်သက်ထွေးက ဆိုပါသည်။
လက်ရှိအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ငွေကျပ် ၁၂၂၅၈၀၀၀၀ (ငွေကျပ်သိန်း တစ်ထောင့်နှစ်ရာ နှစ်ဆယ့်ငါးသိန်း ရှစ်သောင်း)နှင့် အမေရိကန် ဒေါ်လာ ၄၅၀၀ ရရှိထားကြောင်း သိရသည်။
ယင်းငွေများအား ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအတွက်သာ အသုံးပြုမည်ဖြစ်ပြီး ဘဏ္ဍာရေးအဖွဲ့တွင် ဒေါ်အိအိခိုင်နှင့် ထွန်းအိန္ဒြာဗို တို့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com