ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 14, 2012

ရခိုင်ပြည်နယ် ပျက်စီးဆုံးရှုံးမှုများအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ် လိဂ်ကလပ်အသင်းများ၊ ပြည်တွင်းမီဒီယာအချို့နှင့် အနုပညာရှင်အချို့မှ သွားရောက်လှူဒါန်း

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပစ္စည်းများ လှူဒါန်းနေစဉ်
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့်  ပျက်စီးဆုံးရှုံးမှုများအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ ပြည်တွင်းမီဒီယာအချို့နှင့် အနုပညာရှင် အချို့တို့သည် ရခိုင်ပြည်နယ် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ခွဲခန့်တွင် အလှူငွေနှင့် လိုအပ်သော ပစ္စည်းများအား သွားရောက်တွေ့ဆုံ လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ လှူဒါန်းပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းမှ တာဝန်ရှိသူများ၊ မီဒီယာများမှ တာဝန်ရှိသူများနှင့် သရုပ်ဆောင် အကယ်ဒမီပြေတီဦး၊ ဒါရိုက်တာဝိုင်းတို့ လိုက်ပါခဲ့ကြသည်။
ဦးအောင်ကိုဝင်း(နာယက၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)ကျပ် သိန်းတစ်ထောင်၊ ဦးဇော်ဇော်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်) ငွေကျပ် သိန်းတစ်ထောင်၊ ဦးရန်ဝင်း(ဥက္ကဋ္ဌ၊ ဧရာဝတီ ယူနိုက်တက် ဘောလုံးအသင်း) ငွေကျပ် သိန်းသုံးရာ၊ ဦးဖြိုးကိုကိုတင့်ဆန်း(ဥက္ကဋ္ဌ၊ နေပြည်တော် ဘောလုံးအသင်း)ငွေကျပ် သိန်းသုံးရာ၊ ဦးလှဌေး(ပိုင်ရှင်၊ ဇွဲကပင် ဘောလုံးအသင်း)၊ ငွေကျပ် သိန်းနှစ်ရာ၊ ဦးဇော်မင်းသိန်း (ပိုင်ရှင်၊ ရက္ခပူရ ဘောလုံးအသင်း)ငွေကျပ် သိန်းတစ်ရာ၊ ဒေါက်တာစိုင်းဆမ်ထွန်း(ပိုင်ရှင်၊ ရတနာပုံ ဘောလုံးအသင်း)ငွေကျပ် သိန်းတစ်ရာနှင့် အခြားသော ဘောလုံးအသင်းပိုင်ရှင်နှင့် ဥက္ကဋ္ဌများကလည်း သိန်းရာဂဏန်း လှူဒါန်းခဲ့ကြပါသည်။
လူငယ်မီဒီယာသမားများ ကိုယ်စားပြု ငွေကျပ် သိန်းငါးဆယ်၊ ElevenMediaGroup မှ ငွေကျပ် သိန်းနှစ်ဆယ်၊ ပေါ်ပြူလာဂျာနယ်မှ ငွေကျပ် သိန်းနှစ်ဆယ်၊ သရုပ်ဆောင် အကယ်ဒမီပြေတီဦးမှ ငွေကျပ် သိန်းနှစ်ဆယ်၊ ဒါရိုက်တာဝိုင်းမှ ငွေကျပ် ဆယ့်ငါးသိန်းတို့ကို လှူဒါန်းခဲ့ကာ မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ အ၀တ်အထည်များ၊ စောင်များ၊ ပန်းကန်ခွက် ယောက်များ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများကိုလည်း ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com