ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 14, 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပြည်ပမီဒီယာများမှ ဖော်ပြနေမှုများအား ဗြိတိသျှ သံရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြ


ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပြည်ပမီဒီယာများမှ ဖော်ပြနေမှုများအား ဗြိတိသျှ သံရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြနေစဉ်
5115
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပြည်ပမီဒီယာများမှ ဖော်ပြနေမှုများအား ကန့်ကွက် ဆန္ဒဖော်ထုတ်ခြင်းကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်သူများက "International Media Stop Stating this as religious conflict" နိုင်ငံတကာ မီဒီယာများ ဘာသာရေး ပဋိပက္ခအသွင် ဖော်ပြနေခြင်းများ ချက်ချင်းရပ်' ၊ "Rohingya is not Myanmar Ethnicity" ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ပါ' ၊ "Burma Campaign UK STOP Propaganding" "Burma Campaign UK ၀ါဒဖြန့်မှု ချက်ချင်းရပ်"၊ "Respect Our Sovereignity" မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားပါ' စသည့် စာတမ်းများကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပြည်ပမီဒီယာများမှ ဖော်ပြနေမှုများအား ဗြိတိသျှ သံရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြနေစဉ်

ထို့အပြင် နိုင်ငံခြားမီဒီယာများ ဖြစ်သော BBC ၊ DVB တို့အား ကန့်ကွက်သော စာတမ်းများဖြစ်သည့် "BBC= Bengali Broadcasting Corporation" ၊ "DVB= Democratic Voice of Bengali" စသည့် စာတမ်းများကိုလည်း ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ ''တစ်ကမ္ဘာလုံးမှာ သူတို့ ဖြန့်နေကြတယ်။ ရိုဟင်ဂျာသည် ကျွန်တော်တို့ရဲ့ လူမျိုးဆိုပြီးတော့။ လူ့အခွင့်အရေးအရဆိုရင် ဘယ်သူမဆို ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရှိတယ်။ ဒါပေမယ့် တိုင်းရင်းသား ဖြစ်ခွင့်မရှိဘူး။ ကျွန်တော်တို့မှာ တိုင်းရင်သားတွေက အရင်ကတည်းက သတ်မှတ်ထားပြီးသား ရှိတယ်။ နိုင်ငံသားခံယူခွင့်ဆိုတာ တိုင်းပြည်မှာရှိတဲ့ ဥပဒေတွေနဲ့အညီ ဆိုရင်တော့ နိုင်ငံသားခံယူခွင့် ရှိပါတယ်'' ဟု ဆန္ဒဖော်ထုတ်သော လူငယ်တစ်ဦးဖြစ်သူ ကိုချမ်းသာကျော်က ပြောပါသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပြည်ပမီဒီယာများမှ ဖော်ပြနေမှုများအား ဗြိတိသျှ သံရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြနေစဉ်
ထို့နောက် ကိုချမ်းသာကျော်က ယခုကိစ္စသည် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအရေး မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသော ဘင်္ဂါလီများကြောင့်သာဖြစ်ကြောင်း စသည်ဖြင့် ဆက်လက်ပြောပါသည်။

''ကျွန်တော်တို့က ဘာသာရေး အဓိကရုဏ်းဖြစ်နေတာ မဟုတ်ပါဘူး။ အခုကိစ္စက ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကြောင့်မို့လို့ ဖြစ်တာပါ။ ဒီပြဿနာက မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာရယ်၊ အစ္စလာမ် အသိုင်းအ၀ိုင်းရယ်နဲ့ ဘာမှ မဆိုင်ပါဘူး။ နောက်တစ်ခုက ဒီကိစ္စဟာ အမျိုးသားရေးနဲ့ ဆိုင်တဲ့ကိစ္စတစ်ခု ဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်လာတဲ့အတွက် ဒီလိုမျိုးကန့်ကွက် ဆန္ဒပြရတာပါ'' ဟု ၎င်းက ဆက်ပြောပါသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ခြင်းတွင် တိုင်းရင်းသားလူငယ် ၁၀ ဦးခန့် ပါဝင်ခဲ့ပြီး ဆန္ဒဖော်ထုတ်ခြင်းမှာ ငါးမိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ပြည်ပ မီဒီယာအချို့မှလည်း လာရောက် သတင်းရယူခဲ့ကြောင်း သိရသည်။ အလားတူ ဇွန်လ ၁၁ ရက်နေ့ကလည်း ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ပြည်ပမီဒီ ယာများအား ကန့်ကွက် ဆန္ဒဖော်ထုတ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com