ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 21, 2012

တစ်ပတ်စာ သင်၏ကံဇာတာ ၂၀၁၂ ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိ


မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -


စပ်တူလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ညှိနှိုင်းပြောဆိုမှုများ အဆင်ပြေလိမ့်မည်။ ၀င်ငွေကောင်းမွန်နေမည်ဖြစ်သော်လည်း အသုံးစရိတ်ပိုမိုများပြားလာနေမည်။ အိမ်ထောင်ရေးကိစ္စများနှင့်ပတ်သက်၍ စီမံခန့်ခွဲ ဆောင်ရွက်ရာ၌ တိုးတက်အောင်မြင်မှု ရမည်။ မည်သည့်ပညာရပ်ကိုမဆို သင်ယူရာ၌ ထိရောက် လျင်မြန်စွာ တတ်မြောက်လာနိုင်ချိန်ဖြစ်သည်။ သံတမန်ရေးရာကိစ္စများ အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်နိုင်မည်။
ယတြာ - တရားစာအုပ်များ ဓမ္မဒါနပြုပါ။

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -


လုပ်ငန်းကိုင်ငန်း အကြံအစည် များ တိုးတက်အောင်မြင်လိမ့်မည်။ ကိုယ်ရေးကိုယ်တာကိစ္စများ အဆင်ပြေမည်။ ဂုဏ်သိက္ခာ တိုးမည်။ အကြံဉာဏ်ကောင်းများ ပေါ်ထွက်လာမည်။ အိမ်ထောင်ရေးသာယာမည်။ ယာယီ လုပ်ငန်းများ ကောင်းကျိုးနှင့် ဆိုးကျိုးရောထွေး အကျိုးပေးတတ်ချိန်ဖြစ်သည်။ ၂၃ ရက်နေ့ သည် ကံတရားကောင်းမွန်နေပြီး လုပ်ငန်းအဆက်အသွယ် ကောင်းများ၊ ၀င်ငွေကံကောင်းမှု များ ရရှိတွေ့ကြုံနိုင်သည်။
ယတြာ-ရာဟုထောင့်၌ ရောင်စုံဖယောင်းတိုင်များပူဇော်ပါ။

မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -


ဝင်ငွေနှင့်ထွက်ငွေ မမျှမတဖြစ်နေတတ်သည်။ အထူးသဖြင့် ၂၃ ရက်နေ့တွင် လုပ်ငန်းရင်းနှီးမြှုပ်နှံမှု စတင်မဆောင်ရွက်သင့်။ နိုင်ငံရပ်ခြားကုန်သွယ်မှုများ ဆက်လက်အကျိုးရှိနေမည်။ အခက်အခဲ နှင့် ရန်အပေါင်းကို ကျော်လွှားအောင်မြင်လိမ့်မည်။ ညှိနှိုင်းဆွေးနွေးမှုများ မပြတ်မသား ဖြစ်နေရတတ်သည်။
ယတြာ - တနင်္လာထောင့်၌ ရွှေသင်္ကန်းကပ်လှူရန် အလှူငွေထည့်ပါ။

ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -


ပြောဆိုဆွေးနွေးမှုများ၊ ငွေကြေးကိစ္စများ အဆင်မပြေနိုင်သေး။ စုဆောင်းငွေများထဲမှ ထုတ်ယူသုံးစွဲရလိမ့်မည်။ ၂၃ နှင့် ၂၈ ရက်နေ့တို့ ကံကောင်းနိုင်သဖြင့် လုပ်ငန်းသစ်စတင်ခြင်း၊ အကြံအစည်သစ် အကောင်အထည်ဖော်ခြင်း စသည်တို့ ပြုလုပ်ဆောင်ရွက်သင့်၏။ လိုအင်ဆန္ဒများ ဆက်လက် ပြည့်ဝနေမည်။ ရောင်းကုန်အကျိုးအမြတ်များလည်း ဆက်လက် ရရှိနေမည်။
ယတြာ - တနင်္ဂနွေထောင့်၌ အုန်းဆွမ်းကပ်လှူပါ။

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -


၂၃၊ ၂၆ ရက်နေ့တို့ ယေဘုယျ ကံကောင်းနေမည်။ လက်လွန်ထားသည့် ငွေကြေးများ ပြန်လည်တောင်းခံရရှိနိုင်၏။ မျှော်လင့် မထားသည့် လုပ်ငန်းများ အကျိုးပေးလာနိုင်သလို ရပ်ဆိုင်းထားသည့်အလုပ်များလည်း ပြန်လည်လုပ်ဆောင်ရတတ်၏။ ၀င်ငွေနှင့် အကျိုးအမြတ်ပေါ်ထွက်ရန် အခြေအနေကောင်းများ ကြုံတွေ့နေရမည်ဖြစ်သည်။ စိတ်ရှည်စောင့်ဆိုင်း ကြိုးပမ်းအားထုတ်ခြင်းဖြင့် စီးပွားရေး၊ ပညာ ရေးအောင်မြင်မှုမုချရလိမ့်မည်။
ယတြာ-ဗုဒ္ဓဟူးထောင့်၌ဘက်စုံပြုပြင်ရန်အလှူငွေထည့်ပါ။

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -


ကံမကောင်းမှုများ တစ်စထက်တစ်စ ပပျောက်သွားတော့မည်။ ကုသိုလ်ရေးဆောင်ရွက်သူများအဖို့ ရလဒ် ကောင်းများ ပိုမိုရရှိကြုံတွေ့လာတော့မည်။ လူကြီးမိဘ ဆရာသမားတို့ကြောင့် အခက်အခဲ များကြားထဲမှ ရုန်းထွက်လွတ်မြောက်နိုင်မည်။ ၂၃ ရက်၊ ၂၈ ရက်တို့ ကံကောင်းနေမည် ဖြစ်သည်။ လုပ်ငန်းတိုးချဲ့ခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ကုန်ပစ္စည်းသစ်ထုတ်လုပ်ခြင်းများ ပြုလုပ်ဆောင်ရွက်သင့်၏။
ယတြာ - ထီး၊ ဖိနပ်စသည် လှူပါ။

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -


၂၃ ရက်၊ ၂၆ ရက်တို့ အရေးပါသည့် လုပ်ငန်းကိစ္စများ ဆောင်ရွက်အောင်မြင်လိမ့်မည်။ နာမည် ဂုဏ်သတင်းထင်ရှားကျော်စော လာမည်။ လုပ်ငန်းခွင်၌ အစစအရာရာ အဆင်ပြေတိုးတက် အောင် ဆောင်ရွက်နိုင်မည်။ အများ၏ အထင်ကြီးလေးစားအားထား ယုံကြည်မှုခံရမည်။ ကျန်းမာရေး ဂရုစိုက်သင့်၏။
ယတြာ-တရားစီဒီချပ်၊ တိပ်ခွေ စသည်တို့ ဓမ္မဒါနပြုပါ။

ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -


ကံကောင်းသော နေ့ရက်များဖြစ်လိမ့်မည်။ ဖခင်ဖြစ်သူ၏ အကြံဉာဏ်နှင့် ပံ့ပိုးကူညီမှုများကြောင့် အစစ အဆင်ပြေ နိုင်၏။ အထက်အကြီးအကဲများ၊ လုပ်ငန်းရှင်များနှင့် အဆင်ပြေမှု ပိုမိုရရှိလာမည်။ အစုစပ်လုပ်ငန်းများ အဆင်ပြေနိုင်သလို အိမ်ထောင်ရေး သာယာချမ်းမြေ့မှုများလည်း ကြုံတွေ့နေရလိမ့်မည်။ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး အကျိုးပေးမည်။
ယတြာ - ရာဟုထောင့်၌ ရွှေဖယောင်းတိုင်များ ပူဇော်ပါ။

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -


နိုင်ငံရပ်ခြားခရီး၊ နိုင်ငံရပ်ခြားအလုပ် ဆက်လက်အကျိုးပေးနေမည်။ လက်လွန်ထားသည့် ငွေနှင့် လုပ်ငန်း လက်ကျန်ငွေများ ပြန်ဝင်လာနိုင်သည်။ အစုစပ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှု လတ်တလော မဆောင်ရွက်သင့်သေး။ လျှပ်စစ်နှင့် သယံဇာတတို့မှ အလုပ်အကိုင်ကောင်းနှင့် အကျိုးအမြတ်များ ရရှိနေမည်။
ယတြာ - ဗုဒ္ဓဟူးထောင့်၌ ငွေဖလားနှင့် သောက်တော်ရေချမ်းကပ်လှူပါ။

မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -


၂၃ ရက်၊ ၂၈ ရက်တို့ ကံကောင်းနေတတ်သည်။ ပရဟိတလုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ အကျိုးပေး ထက်သန်နေမည်။ အိမ်ထောင်ဖက်နှင့်ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်ရလိမ့်မည်။ အဓိက စီးပွားရေးလုပ်ငန်းများ အောင်မြင်ကြီးပွားနိုင်သလို လုပ်ငန်းခွင်၌လည်း အများ၏ အားထား ယုံကြည်မှုခံရမည်။ ရာထူးဂုဏ်သိန်တိုးမည်။
ယတြာ - တနင်္ဂနွေထောင့်၌ အုန်းသီး၊ အုန်းနို့ပါသော မုန့်များ ကပ်လှူပါ။

ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -


တစ်ပတ်လုံး ယေဘုယျကံကောင်းနိုင်သည်။ ငွေကြေးအကျပ်အတည်းများရှိပါက လွန်မြောက်တော့ မည်။ ပိုမို၍ နက်နဲသော ပညာရပ်များ တက်ရောက်သင်ယူခွင့်ရလိမ့်မည်။ မိမိဘာသာ ကျိတ်၍ ကြံစည်ထားသော လုပ်ငန်းသစ်များ အကျိုးပေးတော့မည်။ ကျန်းမာရေးမကောင်းပါကလည်း ဆေးကောင်းဝါးကောင်းတွေ့၍ သက်သာပျောက်ကင်းတော့မည်။ လက်လွန်ငွေများ ပြန်လည် တောင်းခံရရှိနိုင်၏။ စပ်တူလုပ်ငန်းကိစ္စများ ၂၆ ရက်နေ့၌ မဆောင်ရွက်သင့်။
ယတြာ - စနေထောင့်၌ နှင်းဆီရောင်စုံများ ကပ်လှူပါ။

မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -


၂၃ ရက်၊ ၂၅ ရက်၊ ၂၈ ရက်တို့ ကံပွင့်လန်းနေ၍ ယာယီလုပ်ငန်းများ စတင်ဆောင်ရွက်သင့်သည်။ လေလံတင်ဒါနှင့် ကိုယ်စားလှယ်လုပ်ငန်းကိစ္စများ ဦးစားပေးဆောင်ရွက်သင့်၏။ သားသမီးတပည့်တပန်းတို့ ကောင်းကျိုးပေးလိမ့်မည်။ လျှပ်တစ်ပြက် ၀င်ငွေကောင်းနိုင်သည်။ နိုင်ငံရေးကိစ္စ များ ဆောင်ရွက်ရာ၌ ထူးထူးခြားခြား တိုးတက်အောင်မြင်နိုင်၏။ မိမိ၏ ရိုးသားဖြောင့်မတ်မှု ကြောင့် ဂုဏ်သိက္ခာတက်မည်။
ယတြာ - ဆေးဝါး ဓာတ်စာ ဒါနပြုပါ။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com