ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, June 22, 2012

 ဧရာဝတီ သတင်းဌာနအား ကန့်ကွက်ခြင်း

ဧရာဝတီ သတင်းဌာန၏ Website ၌ ဇွန်လ ၂၁ ရက်နေ့က "လျှပ်တစ်ပြက်ဂျာနယ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ တရားစွဲပြီ" ဟူသော ခေါင်းစဉ်ပါသတင်းတွင် ထည့်သွင်းဖော်ပြထားသည့် ကိုဝေဖြိုး (Weekly Eleven Journal အယ်ဒီတာချုပ်) ၏ ပြောကြားချက်များသည် ဇွန်လ ၂၁ ရက်နေ့က Hotel Yangon တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မီဒီယာသမားများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သော အကြောင်းအရာကို အခြေပြု ဖော်ပြထားခြင်း ဖြစ်သည်ကို တွေ့ရပါသည်။ သို့သော် ဧရာဝတီသတင်း website တွင် ဖော်ပြထားသည်များမှာ အမှန်တကယ်ပြောကြားခြင်း မရှိသည့် အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားကို တွေ့ရှိရပါသည်။ မိမိတို့ထံတွင် အဆိုပါပြောကြားချက် အသံဖိုင်ရှိပါသည်။ ထို့အပြင် ကာယကံရှင်အား ဧရာဝတီသတင်းဌာနမှ တရားဝင် ဆက်သွယ်မေးမြန်းထားခြင်း လုံးဝမရှိပါ။ ထို့ကြောင့် ဧရာဝတီသတင်းဌာန၏ ကျင့်ဝတ်နှင့်လျော်ညီခြင်းမရှိသော သတင်းဖော်ပြမှုအတွက် ကန့်ကွက်ပါကြောင်းနှင့် အမြန်ဆုံးပြန်လည် တောင်းပန်ရန် တောင်းဆိုလိုက်ပါသည်။

ဇွန်လ ၂၁ ရက်နေ့က Hotel Yangon တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မီဒီယာသမားများ တွေ့ဆုံပွဲတွင် ကိုဝေဖြိုး ပြောကြားချက်
"....... ...........လျှပ်တစ်ပြက်ဂျာနယ်အပေါ် အခုလိုမျိုး ပုဒ်မ ၅၀၅နဲ့ အရေးယူတဲ့ကိစ္စကို လုံးဝလက်မခံပါဘူး။ ကန့်ကွက်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက အစရှိအနောင်နောင် ကျွန်တော်တို့အပေါ် အများကြီး ဖိစီးလာနိုင်ပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ လျှပ်တစ်ပြက်လို့ မခံယူပါဘူး။ ကျွန်တော်တို့ သတင်းမီဒီယာ လောကအားလုံးအတွက်လို့ ခံယူပါတယ်။ ဒါကို လုံးဝ ကန့်ကွက်ပါတယ်။ Eleven Media Group အနေနဲ့ ဒီလိုကိစ္စမျိုးက မဖြစ်သင့်ဘူးလို့ ကန့်ကွက်တောင်းဆိုမှုတွေ လုပ်သွားပါမယ်။ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားပြီး အကယ်၍ လိုအပ်ပါက မီဒီယာလောကအတွက် ကျွန်တော်တို့ကိုယ်တိုင် ဦးဆောင်ပြီး ဒါနဲ့ပတ်သက်လို့ ဆန္ဒဖော်ထုတ်သွားပါမယ်။"

ဧရာဝတီသတင်း Website တွင်ဖော်ပြထားချက်
irra

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com