ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 6, 2012

 ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား နှစ်စင်းအား အချိန်တစ်နှစ်အတွင်း အပြီးတည်ဆောက်မည် ဘုရင့်နောင်လမ်းအတိုင်း တံတားမှာ လေးလမ်းသွားဖြစ်ပြီး သမိုင်းဘူတာရုံ လမ်းအတိုင်း တံတားမှာ နှစ်လမ်းသွားဖြစ်ကြောင်း သိရ


7355
တည်ဆောက် ဖြစ်ပေါ်လာမည့် ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတားများပုံ

ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတားနှစ်စင်းအား အချိန်တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည် ဟု တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီ ဖြစ်သော First Myanmar Investment Co.,Ltd.(FMI)  မှ ဥက္ကဋ္ဌ ဦးသိမ်းဝေက ဇွန်လ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတားနှစ်စင်းကို တစ်နှစ်အတွင်း တည်ဆောက်မှာ ဖြစ်ပါတယ်။ ဘုရင့်နောင်လမ်းအတိုင်း တည်ရှိမယ့် ခုံးကျော်တံတားက အသွားနှစ်လမ်း၊ အပြန်နှစ်လမ်းနဲ့ စုစုပေါင်းလေးလမ်း သွားဖြစ်ပြီး သမိုင်းဘူတာရုံလမ်း အတိုင်းတည်ရှိမယ့် ခုံးကျော်တံတားကတော့ အသွားတစ်လမ်း အပြန်တစ်လမ်းနဲ့ စုစုပေါင်းနှစ်လမ်းသွား ဖြစ်ပါတယ်။ တံတားအမျိုးအစားကတော့ သံကူကွန်ကရစ် တံတားဖြစ်ပါတယ်” ဟု FMI ကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူဦး သိမ်းဝေက ဇွန်လ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဘုရင့်နောင် လမ်းဆုံခုံးကျော် တံတားစီမံကိန်း ပန္နက်တင် အခမ်းအနား၌ပြောကြားခဲ့သည်။
ယင်းခုံးကျော်တံတား၏ စီမံကိန်းပိုင်ရှင်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဖြစ်ပြီး တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီမှာFMI ကုမ္ပဏီဖြစ်ကြောင်း၊ တံတား ဒီဇိုင်းပုံထုတ်ပညာရှင်နှင့် စီမံခန့်ခွဲမှု ပြုလုပ်မည့် အဖွဲ့အစည်းမှာ ထိုင်းနိုင်ငံမှ  Asian Engineering Construction Co.,Ltd ဖြစ်ကြောင်း သိရသည်။ အကောင်အထည်ဖော် တည်ဆောက်မည့် ကုမ္ပဏီများမှာ First Myanmar Construction Co.,Ltd နှင့် Prestressed Concrete (Thailand) Co., Ltd  တို့ဖြစ်ကြောင်း သိရသည်။
တောင်မြောက် ဘုရင့်နောင် လမ်းအတိုင်း တည်ဆောက်မည့် ခုံးကျော်တံတား၏အရှည်မှာ ၁၄၄၄ ပေဖြစ်ပြီး ၇၅ တန်ခံနိုင်ရည်ရှိသည့် တံတားအဖြစ် တည်ဆောက်သွားမည်ဟု သိရသည်။ အရှေ့အနောက် သမိုင်းဘူတာရုံ လမ်းအတိုင်း တည်ရှိမည့် ခုံးကျော်တံတား၏ အရှည်မှာ ၁၉၆၉ ပေရှိပြီး တန် ၆၀ ခံနိုင်ရည်ရှိမည့် တံတားဖြစ်ကြောင်း သိရသည်။
မြေပြင်ပေါ်ရှိဘုရင့်နောင် လမ်းမကြီးအား လက်ရှိ ၆ လမ်း သွားမှ ၈ လမ်းသွားအဖြစ် ချဲ့ထွင်သွားမည်ဖြစ်ပြီးသမိုင်းချောင်း တံတားငယ်အား လက်ရှိ ၆ လမ်း သွားမှ ၈ လမ်းသွားအဖြစ် တိုးချဲ့ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သမိုင်းဘူတာရုံ လမ်းမကြီးအပိုင်းတွင်လည်း လမ်းဆုံမှ ဘုရင့်နောင်တံတားဘက် အခြမ်းတွင် လမ်းအား မူလ ၄ လမ်းသွားမှ ၆ လမ်းသွားအဖြစ်၊ လမ်းဆုံမှ သမိုင်းဘူတာရုံလမ်း ဘက်အခြမ်းတွင် မူလ ၄ လမ်းသွား အား ချဲ့ထွင်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဟု သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com