သတ္တုတွင်းဝန်ကြီးဌာနမှ ဂျာနယ်အပေါ်စွဲဆိုထားသည့် အမှုအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြသွား သင့် မသင့်အတွက် ဇွန်လ ၆ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လျှောက်လဲချက်ပေးခဲ့ပြီး နောက်လာမည့် ဇွန်လ ၂၀ ရက်နေ့သို့ ရုံးချိန်းထပ်မံပေးခဲ့ကြောင်း ဒဂုံမြို့နယ် တရားရုံးတွင် ဇွန်လ ၆ ရက်နေ့က ပြုလုပ်သည့် အဆိုပါအမှုရုံးချိန်းမှ သတင်းရရှိသည်။
''သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ နဲ့ စွဲထားတဲ့အမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီ မညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဆုံးဖြတ်ချက်ရယူနိုင်ဖို့ လက်ရှိအမှုစစ်ဆေးခြင်းကို ရပ်ဆိုင်းပြီး အမှုကိုခုံရုံးကို ပေးပို့ပေးဖို့ တင်ပြပါတယ်''ဟုThe Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်သူ ရှေ့နေဦးသိန်းညွှန့်က တရားရုံးတွင်လျှောက်လဲချက်ပေးခဲ့ပြီး တရားလို ရှေ့နေဘက်မှ အဆိုပါလျောက်လဲချက်ကို ရုံးတော်က လက်ခံရန် မသင့်ကြောင်း တင်ပြခဲ့သည်။

0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်