ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, June 8, 2012

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ် ရွှေ့ဆိုင်းရသည့် အကြောင်းရင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ် ရွှေ့ဆိုင်းရသည့် အကြောင်းရင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၁၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပမည့် (၂၁) ကြိမ်မြောက် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် ဆက်စပ်၍ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် နှစ်ဖက် အစိုးရချင်း ညှိနှိုင်း စီစဉ်ခဲ့ပါသည်။

သို့ရာတွင် အဆိုပါ ခရီးစဉ်ကို မိမိဘက်မှ အကြောင်း မညီညွတ်သဖြင့် ရွှေ့ဆိုင်းလိုက်ပါကြောင်း ထိုင်းအစိုးရဘက်သို့ ၂၇-၅-၂၀၁၂ ရက်နေ့တွင် လည်းကောင်း၊ ၁-၆-၂၀၁၂ ရက်နေ့တွင် လည်းကောင်း အသိပေး အကြောင်းကြားခဲ့ပါသည်။

အထက်ပါ ခရီးစဉ်နှင့် ပတ်သက်၍ ၅-၆-၂၀၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပွန် တိုဝီချက်ချိုင်းကူလ်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည် ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်အား တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး နိုင်ငံတော် သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ် ရွှေ့ဆိုင်းခဲ့ရခြင်းအတွက် စိတ်မကောင်းပါကြောင်းနှင့် နှစ်ဖက်အဆင်ပြေချိန်တွင် ပြန်လည်၍ လာရောက်စေလိုပါကြောင်း ပြောကြားပါသည်။
ပြည်ထောင်စု ၀န်ကြီးက နိုင်ငံတော်သမ္မတအနေဖြင့် အဆိုပါရက်များ အတွင်းတွင် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်၌ ဖြစ်ပွားလျက်ရှိသော စက်ရုံ၊ အလုပ်ရုံအချို့မှ အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများ၊ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် လျှပ်စစ်မီး အပြည့်အ၀ ရရှိရေး ဆန္ဒဖော်ထုတ်မှုများကို အေးချမ်းစွာ ဖြေရှင်းပေးရန် သက်ဆိုင်ရာ ၀န်ကြီးဌာန၊ အာဏာပိုင်များ၏ ဆောင်ရွက်နေမှုများကို အနီးကပ်ကြီးကြပ် လမ်းညွှန်မှုပေးနိုင်ရန်အတွက် ပြည်တွင်း၌ ရှိနေရန် လိုအပ်သဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော် သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်ကို နှစ်ဖက်အဆင်ပြေချိန် ညှိနှိုင်းပြီး သွားရောက်နိုင်ရေးအတွက် စီစဉ်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော် ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၇ ရက်''ဟူ၍ ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်မည့် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အား အကြောင်းမညီညွတ်ပါသဖြင့် ရွှေ့ဆိုင်းလိုက်ပြီး နှစ်နိုင်ငံအဆင်ပြေမည့်အချိန်ကို ပြန်လည်ညှိနှိုင်း စီစဉ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇွန်လ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း တက်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ ထိုင်းနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ကို ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့များသို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ထိုင်းနိုင်ငံသို့ ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့များတွင် ချစ်ကြည်ရေးခရီး သွားရောက်ရန် စီစဉ်ခဲ့ပြီးမှ ထပ်မံရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com