ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, June 8, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် ဇွန်လ ၁၃ ရက်နေ့ စတင်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပနိုင်ငံများသို့ ယခုလ ၁၃ ရက်နေ့တွင် စတင်သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၆ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော ထိုင်းနိုင်ငံခရီးစဉ် ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ပြင်သစ်သမ္မတသစ် ဖရန်ဆွာအော်လွန်ဒ်က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံသို့ ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီရက်များအတွင်းက ထိုင်းနိုင်ငံသို့ ခြောက်ရက်ကြာခရီး သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်သည် ၎င်း၏ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ခရီးစဉ်ပြီးနောက် ယခုလအတွင်း ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေ၊ အိုင်ယာလန်နှင့် ပြင်သစ်နိုင်ငံများသို့ ခရီးထွက်မည်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ၌ ကျင်းပမည့် အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ညီလာခံတွင် မိန့်ခွန်းပြောမည် ဖြစ်သည်။

ထို့နောက် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဇွန်လ ၁၆ ရက်နေ့၌ ၁၉၉၁ ခုနှစ်က သူရရှိခဲ့သည့် နိုဘယ် ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင်လက်ခံရယူပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံခရီးစဉ်အပြီး ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကာ ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ထို့နောက် အိုင်ယာလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံများသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com