ဆော်ဒီ အိမ်ရှေ့မင်းသား နာယက်ဖ်ဘင် အဗ္ဗဒူလာဇက်သည် ဇွန်လ ၁၆ ရက်က ကွယ်လွန်ခဲ့ရာ သူ၏ ရုပ်အလောင်းကို ဇွန်လ ၁၇ ရက်တွင် မြှုပ်နှံသင်္ဂြိုလ်ခဲ့သည်။ ဇွန်လ၁၈ ရက်တွင် ကာကွယ်ရေးဝန်ကြီးဖြစ်သော မင်းသား ဆယ်လ်မန်ဘင် အဗ္ဗဒူလာဇက်ကို အိမ်ရှေ့မင်းသားအဖြစ် ရွေးချယ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ကြေညာခဲ့သည်။ ယင်းအတွက် ဆယ်လ်မန်သည် ဆော်ဒီဘုရင်နေရာဆက်ခံမည့်သူ ဖြစ်လာခဲ့သည်။
အသက် ၇၆ နှစ်ရှိ ဆယ်လ်မန်သည် ကာကွယ်ရေးဝန်ကြီးရာထူးအပြင် ဒုတိယ၀န်ကြီးချုပ်ရာထူးကိုလည်း ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဘုရင်အမိန့်ကို ကိုးကား၍ ဆော်ဒီသတင်းဌာနက ဖော်ပြခဲ့သည်။
ဆယ်လ်မန်သည် လက်ရှိဆော်ဒီဘုရင် အဗ္ဗဒူလာနှင့် ၀မ်းကွဲညီအစ်ကိုတော်ပြီး ကွယ်လွန်သွားသော နာယက်ဖ်၏ အစ်ကိုလည်း ဖြစ်ကြောင်း သိရသည်။ ဆယ်လ်မန်သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ကာကွယ်ရေးဝန်ကြီးရာထူး စတင်ရယူခဲ့သည်။
အယ်လ်ကေးဒါးများကို တိုက်ထုတ်ခဲ့မှုဖြင့် လူသိများသော နာယက်ဖ်သည် ပြည်ထဲရေးဝန်ကြီးတစ်ဦးလည်း ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် အိမ်ရှေ့မင်းသား ဖြစ်လာခဲ့ခြင်းဖြစ်သည်။
Ref:CNN












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်