ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 21, 2012

တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နှင့် အငြင်းပွားနေမှုတွင် မြန်မာနိုင်ငံ၏ ထောက်ခံမှုရရှိရန် ဖိလစ်ပိုင် တောင်းခံ


တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုများ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နှင့် အငြင်းပွားနေမှုတွင် မြန်မာနိုင်ငံ၏ ထောက်ခံမှုရရှိရန် ဖိလစ်ပိုင်နိုင်ငံက တောင်းခံခဲ့ကြောင်း သိရသည်။ မြန်မာနှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့သည် ဇွန်လ ၁၅ ရက်က တွေ့ဆုံစဉ် ဖိလစ်ပိုင်က မြန်မာထံမှ ထောက်ခံမှုရရှိရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်ရှိ Scarborough Shoal ကျွန်းစုနှင့်ပတ်သက်၍ တရုတ်နှင့် ပဋိပက္ခ ဖြစ်ပွားမှုမှာ နှစ်လခန့် ရှိလာပြီဖြစ်သည်။ မနီလာမြို့သို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရောက်ရှိလာစဉ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အဲဘတ်ဒယ်ရိုဆာရီယိုက ယင်းပြဿနာကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အနောက်ဖိလစ်ပိုင်ပင်လယ် ပြဿနာကို ဆွေးနွေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေအတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သော နည်းလမ်းကို ရှာဖွေသွားမည်ဖြစ်ကြောင်း ရိုဆာရီယိုက တောင်တရုတ်ပင်လယ် အသုံးအနှုန်းအစား ဖိလစ်ပိုင် အသုံးအနှုန်းဖြစ်သော အနောက်ဖိလစ်ပိုင်ပင်လယ်ဟု သုံးနှုန်းခဲ့သည်။ 
အရှေ့တောင်အာရှ နိုင်ငံအချို့က ရေပိုင်နက်အငြင်းပွားမှု ပဋိပက္ခ မဖြစ်နိုင်စေရန် ကာကွယ်နိုင်ရေးအတွက် အသုံးပြုနေသည့် code of conduct အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
Ref:AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com