ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 7, 2012

ရန်ကုန်ကားဈေးကွက်အတွင်း နယ်ဝယ်လက် အနည်းငယ်ရှိ



ဟံသာဝတီမော်တော်ယာဉ် ရောင်းဝယ်ရေးဝင်းအတွင်းရှိ အရောင်းအ၀ယ်အေးလျက်ရှိသော မော်ဒယ်မြင့်ကားအချို့ကို တွေ့ရစဉ်။
ဓာတ်ပုံ - ကိုတိတ်
ဇွန်လပထမပတ် ရန်ကုန်ကားဈေး ကွက်အတွင်း ပြင်ပဈေးကွက်တွင် နယ်မှလာရောက်ဝယ်ယူသော ၀ယ်လက်များရှိခဲ့သော်လည်း ကား အရောင်းပြခန်းများတွင် အရောင်း အ၀ယ်အေးခဲ့ကြောင်း ဟံသာဝတီ မော်တော်ယာဉ်ရောင်း ၀ယ်ရေးဝင်း အတွင်းမှ လုပ်ငန်းရှင်များက ပြော သည်။
"အခုလဆန်းကတော့ ၀ိုင်းထဲကို နယ်ဝယ်လက်တွေအဆင်းများတယ်။ သူတို့တွေက အရောင်းပြခန်းတွေမှာ ကြည့်ပြီးတော့မှ ကားဝိုင်းထဲကို လာ တာတွေများတယ်။ အရောင်းပြခန်းဈေး နဲ့ အပြင်ကပေါက်ဈေးကို နှိုင်းယှဉ်ချင် တဲ့ သဘောရှိပါတယ်။ ကားအရောင်း ပြခန်းက Mark X တစ်စီးကို ကျပ်သိန်း ၂၂၀ လောက်နဲ့ အရောင်းအ၀ယ်လုပ်ရင် ပြင်ပ ဈေးကွက်မှာ ကျပ်သိန်း ၂၀၀ လောက်နဲ့ရအောင် အောက်ဈေးနှိုက် ပြီး ၀ယ်တာတွေရှိတယ်"ဟု ကားဝယ်ရောင်းသမား ကိုနိုင်လင်းက ပြော သည်။
ပြင်ပကားဈေးကွက်အတွင်း ငွေကြေး တတ်နိုင်သူများအနေဖြင့် ကြိုက်ဈေးရ မှသာ ရောင်းချလိုသည့် ကားပိုင်ရှင်များရှိ သကဲ့သို့ ငွေကြေးမတောင့်တင်းသည့် ကားပိုင်ရှင်အချို့မှာလည်း ဈေးနှုန်းများ ဆက်လက် ကျဆင်းလာသည့်အတွက် ငွေကြေးနစ်နာဆုံးရှုံးမှု ထပ်မံမဖြစ် ပေါ်စေရန် အချိန်မီရောင်းချခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်းဈေးကွက် အတွင်းမှ လုပ်ငန်းရှင်များက ပြောသည်။
"အခုဆိုရင် အခွန်အခတွေ သက်သာ တဲ့ အင်ဂျင်ပါဝါ ၃,၀၀၀ စီစီ အောက်ကား တွေကို အရောင်းပြခန်းတွေမှာ ၀ယ်တဲ့သူတွေ များတယ်။ တချို့ကား အရောင်းပြခန်းတွေမှာဆိုရင် ကျပ်သိန်း ၁၀၀ အောက်နဲ့ ၀ယ်လို့ရတဲ့ ကားတွေတောင် ရှိတယ်။ အင်ဂျင် ပါဝါမြင့်တဲ့ ကားတွေအခုဆိုရင် သိပ်အရောင်း အ၀ယ် မဖြစ်တော့ဘူး။ အင်ဂျင်ပါဝါ နိမ့်ပေမယ့် မော်ဒယ်မြင့်ကားတွေရှိသေးတော့ ၀ယ်တဲ့လူတွေလည်း ကားတစ်စီး ကို သိန်း ၁၀၀ နဲ့ သိန်း ၂၀၀ ကြားဝန်းကျင် လောက်နဲ့ ၀ယ်လို့ရနေတဲ့အတွက် လူတိုင်းနီးပါးကားစီး နိုင်ဖို့အရေးသိပ်ပြီး မဝေးတော့ဘူး"ဟု မင်္ဂလာတောင် ညွန့်မြို့နယ်နေ ယာဉ်ပိုင်ရှင်ဦးအေးနိုင်က ပြောကြားသည်။
"ပြင်ပပေါက်ဈေးနဲ့ ကားအရောင်း ပြခန်းတွေရဲ့ဈေးနှုန်း ကွာဟမှုတွေရှိတယ်။ အပြင်ဈေးက နည်းနေရင်လည်း အမှန်ယူဆလို့မရသလို ကားအရောင်း ပြခန်းက ဈေးတွေက မြင့်နေရင်လည်း အမှန်လို့ ယူဆလို့ မရဘူး။ အခုက ဟို အရင်တုန်းကထက်စာရင် ကားဈေးနှုန်း တွေကို သိဖို့ လွယ်သွားပြီ။ အပြင်ဈေး၊ အရောင်းပြခန်းဈေး၊ ဘယ်က သက်သာပြီး ဘယ်ဟာက ခိုင်မာမှုရှိတယ်ဆိုတာတွေ ကား ၀ယ်စီးတဲ့ လူတွေတော်တော် များများ သဘောပေါက်လာပြီး ပြင်ပ ကားဈေးကွက်က သမားရိုးကျဖြစ်ပေ မယ့် ပွဲစားခပေးရတာတွေ ရှိတယ်။ အရောင်းပြခန်းကျတော့ ဒီလို မဟုတ်ဘူး။ တချို့အရောင်းပြခန်းတွေက ဂျပန် ကားတွေဆိုရင် ကားတစ်စီးလုံးမှာ ဘယ် နားမှာ ဘာဖြစ်ထားတယ်။ ဘယ်ဟာတွေက မကောင်းဘူးဆိုတဲ့ အားနည်းချက်၊ အားသာချက်တွေကိုတောင် ထုတ်ပြီး ပြောရောင်း တဲ့အထိ ဖြစ်လာတဲ့အတွက်ကြောင့် ၀ယ်တဲ့သူတော်တော်များများက ကားအရောင်းပြခန်းဘက်ကို ပိုပြီးစိတ် ၀င်စားကြတယ်"ဟု ကားအရောင်း ပြခန်းနှင့် ပြင်ပကားဈေးကွက်လေ့လာ သုံးသပ်သူ ဦးစန်းက ပြောသည်။
လက်ရှိ ကားဈေးကွက် ရွှေငါး ၂.၀ ကျပ်သိန်း ၂၃၀ ၊ Mark II ကျပ်သိန်း ၂၀၀၊ Harrier 3.0 ကျပ်သိန်း ၂၇၀၊ SRG ic ကျပ်သိန်း ၃၅၀၊ Insight ကျပ် သိန်း ၂၀၀၊ Pajero ဒီဇယ်(ဖားပြုပ်) ကျပ်သိန်း ၃၀၀၊ Hilux Surf ကျပ် သိန်း ၃၀၀၊ Chery Wagon ကျပ်သိန်း ၁၁၀၊ Limited Saloon ကျပ်သိန်း ၁၀၀၊ Land Cruiser ကျပ်သိန်း ၆၀၀၊ အာရာဖတ်ကျပ်သိန်း ၃၄၀၊ Suzuki ကျပ်သိန်း ၂၂၀ ၀န်းကျင်ခန့်ရှိပြီး လက်ရှိ အပ်နှံခွင့်ပြုထားသည့် 'ပ'အက္ခရာစလစ် မှာ ကျပ်သိန်း ၆၀ ၀န်းကျင်ခန့်သာရှိ ကြောင်း ဈေးကွက်အရ သိရသည်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် နေ့မှ ယခုနှစ် မေလ ၂၈ ရက်နေ့အထိ သက်ဆိုင်ရာမှ အပ်နှံရန်ကြေညာခဲ့သည့် 'စ'အက္ခရာမှ 'ပ'အက္ခရာအထိ အစီးရေ ၃၀,၀၀၀ ကျော်ရှိသော်လည်း အစီးရေ ၂၀,၀၀၀ ကျော်သာ အပ်နှံသေးကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com