ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 14, 2012

 ဖြူနွယ်ခိုင်နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

e5114
ဇွန်လ၏မိုးဖွဲများအောက်တွင် ယခုတစ်ပတ် စိတ်ကြိုက်ဖက်ရှင် ကဏ္ဍကို ရိုက်ကူးပုံဖော်ဖြစ်ခဲ့သည်။ မိုးစက်မိုးပေါက်များကြားက အေးမြစိမ်းလန်းခြင်း အငွေ့အသက်များနှင့်အတူ သရုပ်ဆောင် မော်ဒယ်လ်ဖြူနွယ်ခိုင်က မိုးရာသီဖက်ရှင် စိတ်ကူးများနှင့် ပုံဖော်ပေးခဲ့သည်။ ဖြူနွယ်ခိုင်ပြောပြခဲ့သည့် စိတ်ကြိုက်ဖက်ရှင်မှာ . . .
ဖြူနွယ်ဒီကဏ္ဍလေးအတွက် ပါဝင်ဖြစ်တာက မိုးရာသီဖက်ရှင် စိတ်ကူးနဲ့ပါ။ မိုးရာသီဖြစ်တဲ့ အတွက် အရောင်ရွေးချယ်ရာမှာ တောက်ပတဲ့အရောင်ကို အခြေခံပြီး ရွေးချယ်ထားပါတယ်။ လိမ္မော်ရောင်တီရှပ် လက်ရှည်လေးကို ခရမ်းရောင် ဆွဲသားဘောင်းဘီရှည်နဲ့ တွဲပြီး ၀တ်ထားပါတယ်။ အခုနောက်ပိုင်း အရောင်အဆန်းတွေ တွဲစပ်တာခေတ်စားနေတော့ ဖြူနွယ်လည်း လိမ္မော်ရောင်နဲ့ ခရမ်းရောင်တွဲပြီး ၀တ်ထားပါတယ်။ ဖိနပ်ကိုတော့ သခွားရောင်ကြိုးသိုင်းလေဒီရှူးလေး စီးထားပါတယ်။ မိတ်ကပ်ကိုလည်း ပန်းရောင်ဖျော့ဖျော့လေးပဲ လိမ်းခြယ်ထားပြီး ဆံပင်ကိုတော့ နဂိုဆံပင်အကောက်တွေ အတိုင်းပဲ ချထားဖြစ်ပါတယ်။
ဒုတိယ၀တ်စုံလေးကတော့ တီရှပ်အစိမ်းရောင် လက်ရှည်လေးကို ဘောင်းဘီတို အစိမ်း ရောင်လေးနဲ့ တွဲပြီး ၀တ်ထားပါတယ်။ မိုးရာသီနဲ့လိုက်ဖက်တဲ့ အစိမ်းရောင် ဖက်ရှင်ကို ရွေးချယ် ဖြစ်တာပါ။ အောက်ကတော့ ရှူးဖိနပ် အနီရောင်လေးနဲ့ တွဲစီးထားတယ်။ ဒီဝတ်စုံတစ်စုံလုံးက တောက်ပတဲ့ ဖက်ရှင်လေးဖြစ်တာကြောင့် မိတ်ကပ်ကိုလည်းခပ်ပါးပါးပဲလိမ်းခြယ်ထားပြီး ဆံပင်ကိုတော့ အားလုံးအပြောင်သိမ်းထားတဲ့ ပုံစံလေးလုပ်ထားတာပါ။ ၀တ်စုံနှစ်စုံလုံးကို တော့ VIVID က ပံ့ပိုးပေးထားတာပါ။ အဓိကတော့ Trend က မိုးရာသီဖက်ရှင်ဖြစ်တာကြောင့် အရောင်တောက်တာကို အခြေခံတဲ့ဖက်ရှင်မျိုးတွေပဲ ရွေးချယ်ထားပါတယ်။
ဖက်ရှင်စိတ်ကူးနဲ့ ပတ်သက်လို့ကတော့ အင်တာနက်မှာ အမြဲလိုလို ကြည့်ဖြစ်တာများတယ်။ ဖက်ရှင်ဝက်ဘ်ဆိုက်တွေ ကြည့်သလို တခြားနိုင်ငံက အနုပညာရှင်တွေနဲ့ ပြည်တွင်း က အနုပညာရှင်တွေရဲ့ဝတ်စားဆင်ယင်မှုတွေကို ကြည့်ဖြစ်တယ်။ မိတ်ကပ်လိမ်းခြယ်မှုကို လည်း စိတ်ဝင်စားတာကြောင့် မိတ်ကပ်လိမ်းတဲ့ပုံစံတွေကို အင်တာနက်မှာကြည့်ပြီး ကိုယ်တိုင် စမ်းလိမ်းတာမျိုးတွေ လုပ်ဖြစ်ပါတယ်။ ဖက်ရှင် Channel တွေကိုလည်း အမြဲကြည့်ဖြစ်တယ်။
ဖက်ရှင်ရွေးချယ်မှုကတော့ ဖြူနွယ်ဒီဇိုင်နာတွေနဲ့ တိုင်ပင်တာမျိုးရှိသလို ကိုယ်တိုင်ဈေး ၀ယ်ထွက်ပြီးဝယ်ဖြစ်တာမျိုးလည်း ရှိတယ်။ အဓိကတော့ ဖြူနွယ်ဓာတ်ပုံရိုက်၊ ကြော်ငြာရိုက်၊ ပွဲတက်၊ ရှိုးပွဲလျှောက်စသဖြင့် ကိုယ်လုပ်ရမယ့် အလုပ်ပေါ်မူတည်ပြီး ၀တ်စုံကို ရွေးချယ်ဖြစ်ပါတယ်။ ဖက်ရှင်ဆိုတာကတော့ အရမ်းခေတ်ဆန်တယ် ဆိုတာမျိုးထက် ကိုယ်နဲ့အဆင်ပြေ လိုက်ဖက်သလို သွားရမယ့်အနေအထားနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဖြစ်ဖို့ ပိုအရေးကြီးတယ်လို့ပဲ ထင်ပါတယ်။                                                  
အမည်ရင်း       ဖြူနွယ်ခိုင်
မွေးသက္ကရာဇ်   ၁ .၁၀ .၁၉၉၂
မိဘအမည်      ဦးအောင်ခိုင်-ဒေါ်စုစုတင်
ပညာအရည်အချင်း       တတိယနှစ်(အင်္ဂလိပ်စာ)
ရရှိပြီးသောဆုများ        Miss People 2011 ၊People Choice Award
ရိုက်ကူးပြီးကြော်ငြာ      Win & San  ၊ Dennis Martin

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com