ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 14, 2012

Rock Concert IC Show ပွဲ ကျင်းပပြုလုပ်ခဲ့

AddThis Social Bookmark Button
e5113
လေးဖြူနှင့် အငဲတို့မှ ဖျော်ဖြေနေစဉ်
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထွက်သော နေ့နှင့် အ ချိန်ကိုက်ဖျော်ဖြေခဲ့သည့် ROCK ON CONCERT IC SHOW ပွဲအား ၂၀၁၂ ခုနှစ်၊ ဇွန်လ၉ရက်နေ့တွင် ကန်တော်ကြီး၊ မျှော်စင်ကျွန်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီပွဲလေး လုပ်ဖြစ်သွားတာကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေ ထွက်မယ့်ရက်မှာ ဖျော်ဖြေပွဲလေး လုပ်ချင်တာနဲ့ စီစဉ် ဖြစ်သွားတာပါ။ IC အဖွဲ့နဲ့မိုးရာသီ အစမှာ ပွဲလေးတစ်ပွဲ လုပ်ချင်တာကြောင့် လည်းပါတယ်။ ဒါကြောင့်ဒီပွဲလေးကို စီစဉ်ဖြစ်သွားတာပါ။ ထင်တဲ့အ တိုင်းပဲပရိသတ်အားပေးမှုလည်း များခဲ့ပါတယ်။ လူငယ်ပရိသတ်အများစု လာအားပေးခဲ့ကြပါတယ်။ နောက် ပိုင်းကိုလည်း ဂီတ အမျိုးအစားစုံအောင် ပွဲလေးတွေခွဲပြီးလုပ်သွားဖို့ စိတ်ကူးထားပါတယ်” ဟု ပွဲစီစဉ်သူ တစ်ဦးက ရှင်းပြခဲ့သည်။
အဆိုပါဖျော်ဖြေပွဲတွင်လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့မှ တစ်ယောက်တစ်လှည့်စီဖြင့် ပရိတ်သတ် နှင့် အပေးအယူမျှစွာ ဖျော်ဖြေခဲ့ကြသည်။ တစ်ဦးချင်းဖျော်ဖြေမှုများ သာမက  နှစ်ယောက်တွဲနှင့် အဖွဲ့ လိုက်ဖျော်ဖြေမှုများဖြင့်လည်း တင်ဆက်ခဲ့သည်။ လက်မှတ်နှုန်းထားများမှာ ၆၅၀၀ ကျပ်ဖြစ်ပြီး ပွဲစပွန် ဆာပေးသည့် Gold Roast Coffeemix မှလည်း မေတ္တာလက်ဆောင်အဖြစ် ဂီတာတစ်ယောက် တစ်လက်စီ ကံစမ်းမဲဖောက်ပေးခဲ့ကြောင်းလည်း သိရှိရသည်။
အဆိုပါဖျော်ဖြေပွဲအား ည ၁၁ နာရီကျော်တွင် အဆုံးသတ်ခဲ့သည် ဟုသိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com